Main menu

Background

ပြောင်းဖူးစေ့ တင်ပို့မှုအားကောင်း

Tue, 11/23/2010 - 09:53 -- Anonymous (not verified)

ပြောင်းဖူးစေ့ တင်ပို့မှုအားကောင်း          မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ပြောင်းဖူးစေ့များ ကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့လျက်ရှိရာ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့တန်ချိန် ၂ဝ၉၆ဝ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်ကလည်း တန်ချိန် ၂၆ဝ ကန်ဒေါ်လာ ၆၆၈၆ဝ ဖိုး နဲ့ ချင်းရွှေဟော်မှ ၁၆၄ တန်၊ ကန်ဒေါ်လာ ၄၁ဝဝဝ ကျော်ဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာနယ်စပ်မှ စုစုပေါင်း ပြောင်း၂၁၃၈၄ တန်၊ ကန်ဒေါ်လာ ၅ ဒသမ ၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်မှ ၉ ရက် ထိ ကာလတုန်း ကေတော့ မူဆယ်နဲ့လွယ်ဂျယ်မှ ပြောင်းဖူးစေ့ တန်ချိန် ၁၈၁၈၂ ကျော်သာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကဝယ်လိုအားရှိသလို မိမိပြည်တွင်း ထွက်ရှိမှုကလည်း ပိုမိုတဲ့အတွက် တင်ပို့မှုအားကောင်းနေတယ်လို့ မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ သိရပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ပြောင်းဈေးသိသိသာသာ ပြောင်းလဲတာ မတွေ့ရပါ ဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းမြေပြင် ပေါက်ဈေးများ ဖော်ပြပေးလိုက် ပါတယ် -                                             မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု              ယခင်    ပြောင်းလဲမှု   %       ယခု       ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့        ၂၅ဝ၄၉၃      ၂၄၂၇ဝ၆     ၇၇၈၇        ၃       ၂၉၂        ၂၇၆      ၁၆             ၅နံှစားပြောင်း        ၂၇၃၅၂၇      ၂၄၂၆၂၉     ၃ဝ၈၉၈      ၁၁     ၂၇၃         ၂၇၃        -              -MIRT (DOBT)