Main menu

Background

မုံရွာပြောင်းဈေးကွက် ဒေသမွေးမြူရေးအစာအတွက် အရောင်းသွက်နေ

Tue, 11/23/2010 - 10:00 -- Anonymous (not verified)

 မုံရွာပြောင်းဈေးကွက် ဒေသမွေးမြူရေးအစာအတွက် အရောင်းသွက်နေ         မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ ဒုတိယ ၁ဝ ရက်ပတ်ပြောင်းဈေးကွက်မှာ တန်ဆည်၊ ရေဦး၊ ကန့်ဘလူနယ်တွေက နေ့စဉ် တစ်ရက်အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြား ဝင်ရောက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ အဓိကဝယ်လက်မှာ ဒေသတွင်း မွေးမြူရေး အစာလိုင်းသမားတွေဖြစ်ပြီး မုံရွာဈေးကွက်ကနေ မန္တလေးကို တင်ပို့မှုမရှိသလောက် နည်းခဲ့တယ်လို့ သိရပါတယ်။ မုံရွာမှာရှိတဲ့ ကြက်မွေးမြူရေးဇုန် အတွက် အစာစပ်လိုင်းသမားတွေ ပုံမှန်ဝယ်ယူမှုရှိပေမဲ့ ယခုရက်ပတ်အတွင်း တစ်တင်း ၅၁ဝဝ ကျပ်မှာ ပြောင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။                                                                                                                ထွန်းလှိုင်