Main menu

Background

စတော့အိပ်ချိန်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်

Tue, 06/03/2025 - 11:53 -- journal_editor

သမိုင်းဝင်အလှည့်အပြောင်းတစ်ခု ဖြစ်လာစေမည့်  စတော့ ဈေးကွက် ချိတ်ဆက်မှုတစ်ခုကို  တရုတ်ပြည်မကြီးရှိ စတော့ အိပ်ချိန်းများနှင့်  ဟောင်ကောင်စတော့ အိပ်ချိန်းတို့အကြားတွင်Stock Connect  အမည်ဖြင့် စတင် ဆောင်ရွက်ခဲ့သည်။ စတော့ ကွန်နက်ဆိုသည်မှာ   ဟောင်ကောင်စတော့အိပ်ချိန်း၊ ရှန်ဟိုင်း စတော့အိပ်ချိန်းနှင့် ရှင်းကျန့်စတော့အိပ်ချိန်းတို့အကြား ပြိုင် ဘက်ကင်းသည့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ် သည်။  စတော့ကွန်နက်သည် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ များနှင့် တရုတ်ပြည်မကြီးအကြား ငွေချေးသက်သေခံ လက်မှတ် များ ရောင်းဝယ်ခြင်းနှင့် စာရင်းရှင်းလင်းရေးဆိုင်ရာ လုပ်ငန်း များကို အပြန်အလှန် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားသည့် ဈေး ကွက်တစ်ခုဖြစ်သည်။
ဤစတော့ကွန်နက် အစီအစဉ်ကြောင့် ဟောင်ကောင် စတော့အိပ်ချိန်း၊ ရှန်ဟိုင်းစတော့အိပ်ချိန်းနှင့် ရှင်းကျန့်စတော့ အိပ်ချိန်းပါဝင်သည့် တရုတ်နိုင်ငံစတော့ဈေးကွက်သည် ဈေးကွက် တန်ဖိုးအရလည်းကောင်း၊ နေ့စဉ်ရောင်းဝယ်မှုပမာဏအရ လည်း ကောင်း ကမ္ဘာ့အကြီးဆုံးသော စတော့ဈေးကွက်တစ်ခုအဖြစ် ရပ် တည်လာနိုင်ခဲ့သည်။ ထိုသို့ စတော့ကွန်နက်အစီအစဉ် ဆောင် ရွက်မှုကြောင့် ကမ္ဘာပေါ်ရှိ ရင်းနှီးမြှုပ်နှံသူများအနေနှင့် စာရင်း ဝင် ကုမ္ပဏီပေါင်း ၂၀ဝ၀ ကျော်တို့ကို ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့် အလမ်းသစ်တစ်ခုကို ရရှိသွားစေသည်။ ထို့အတူ တရုတ်ရင်းနှီး မြှုပ်နှံသူတို့အနေနှင့်လည်း  ခွဲချမ်းစိတ်ဖြာ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ ရရှိသွားစေသည့်အပြင်  တရုတ်စာရင်းဝင် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်များမြှင့်တက်စေခြင်း၊ ကမ္ဘာ့စံချိန် စံညွှန်Benchmark ပြည့်မီစေသည့်  အလားအလာကောင်းများကို ဖန်တီးဖြစ်ပေါ်စေမည်ဖြစ်သည်။
စတော့ကွန်နက်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ငွေချေးသက်သေခံလက်မှတ် အမျိုးအစားပေါင်း ၂၀ဝ၀ ကျော်ကို အဆိုပါ စတော့ကွန်နက်မှတစ်ဆင့် ရောင်းဝယ်နိုင်ပြီဖြစ်သည်။ ရှန်ဟိုင်း-ဟောင်ကောင် စတော့ကွန်နက်ကို ရှန်ဟိုင်းစတော့ အိပ်ချိန်းနှင့် ဟောင်ကောင်စတော့အိပ်ချိန်းတို့အကြား   နယ်စပ် ဖြတ်ကျော် ရင်းနှီးမြှုပ်နှံနိုင်သည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး ရင်းနှီး မြှုပ်နှံသူများအနေနှင့် ပြည်တွင်းငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီများမှတစ်ဆင့် စတော့များကို ရောင်းဝယ်နိုင်ကြမည်ဖြစ် သည်။ ဤအစီအစဉ်ကို တရုတ်နိုင်ငံဝန်ကြီးချုပ်Li Keqiang  က ၂၀၁၄ ခု ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနှစ် နိုဝင်ဘာလ ၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ဆက်လက်၍ ဟောင်ကောင်စတော့အိပ်ချိန်းနှင့် ရှင်းကျန့် စတော့ အိပ်ချိန်းတို့အကြား စတော့ကွန်နက်ကို ၂၀၁၆ ခုနှစ်တွင် ဆက် လက် အကောင်အထည်ဖော်ခဲ့သည်။ 
ဤအစီအစဉ်ကို   စတင်အကောင်အထည်ဖော်ခဲ့သူမှာ ဟောင်ကောင်စတော့အိပ်ချိန်း၏ အမှုဆောင်အရာရှိချုပ် Charlie Li  ဖြစ်ပြီး ဟောင်ကောင်စတော့အိပ်ချိန်း၏ သုံးနှစ်စီမံကိန်းတွင် စတော့ကွန်နက် အစီအစဉ်ကို ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို  တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က ၂၀၁၄ ခုနှစ် ဟိုင်နန်တွင်ကျင်းပခဲ့သည့် Boao Forum တွင် ထုတ် ပြန်ကြေညာခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်Li  ၏ ကြေညာ ချက်အပေါ် ဟောင်ကောင် ငွေချေးသက်သေခံလက်မှတ်ကော်မရှင် FSC နှင့် တရုတ်ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ် ရေးကော်မရှင်CSRC တို့မှ စတော့ကွန်နက်  စမ်းသပ်ကာလ (၆)လ ပြုလုပ်မည်ဖြစ်ကြောင်း  ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။
အဆိုပါ စတော့ကွန်နက်အစီအစဉ်ကို ၂၀၁၄ ခု နှစ် နိုဝင် ဘာလတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့သော်လည်း အချို့သောလုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ ဖြစ်သည့်T+0 စာရင်းရှင်းလင်းရေး အစီအစဉ်များ၊Delivery versus Settlement အစီအစဉ်များ၊Common Omnibus trading account structure  အစီအစဉ်များကိုမူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ များအနေနှင့် အကျွမ်းတဝင်ဖြစ်မှု မရှိသေးသည်ကို တွေ့မြင်ရ သည်။ 
အထူးသဖြင့်Luxembuorg နှင့်  Ireland  နိုင်ငံများရှိ ရင်းနှီး မြှုပ်နှံမှု အဖွဲ့များအနေဖြင့်  ရှယ်ယာပိုင်ဆိုင်မှု အကျိုးခံစားခွင့် Beneficial ownership များအပေါ် ရှင်းလင်းမှုမရှိကြောင်း ဆိုခဲ့ ကြသည်။ နောက်ဆုံးတွင် ဟောင်ကောင်၏ ရှယ်ယာများ လုံခြုံ အပ်နှံစနစ်SPSA system တီထွင်ပြဋ္ဌာန်းမှုနှင့် အတားအဆီးအချို့ ကို ဖြေလျှော့ပေးမှုကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများ ပပျောက်ခဲ့ရသည်။ 
အဆိုပါစတော့ကွန်နက်သို့ ဟောင်ကောင်နှင့် ပြည်ပနိုင်ငံ များမှ မည်သည့်ရင်းနှီးမြှုပ်နှံသူများမဆို ဝင်ရောက်ရင်းနှီးမြှုပ်နှံ နိုင်သည်။ သို့ရာတွင် တရုတ်ပြည်မကြီးမှ  တစ်ဦးချင်းနှင့် အဖွဲ့ အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများအနေနှင့် အနည်းဆုံး တရုတ် ယွမ် ၅ သိန်းနှင့် အထက်ပမာဏရှိမှသာ ဟောင်ကောင် စတော့ ဈေးကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။
မည်သည့်စတော့များ ပါဝင်ရောင်းဝယ်နိုင်
ရှန်ဟိုင်းစတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် ဗ ရှယ် ယာများသာ ကနဦးအဆင့်တွင် ပါဝင်ရောင်းဝယ်နိုင်သည်။ အထူး သဖြင့် ရှန်ဟိုင်းစတော့အညွန်းကိန်းSSE 180  နှင့်SSE 380 တွင် ပါဝင်ဖွဲ့စည်းထားသည့်A  ရှယ်ယာများသာ ကနဦးအဆင့်တွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် ဟောင်ကောင် စတော့ အိပ်ချိန်းသို့ သွားရောက်စာရင်းဝင်ထားသည့် ပြည်မကြီးမှH Share များလည်း ပါဝင်ရောင်းဝယ်ခွင့်ရှိသည်။ ပြည်မကြီးမှ ရင်းနှီး မြှုပ်နှံသူများသည် ဟောင်ကောင်စတော့အိပ်ချိန်း၏Heng Seng Composite Large Cap Index  တွင် ပါဝင်ဖွဲ့စည်းထားသည့် စတော့များနှင့်Heng Seng Composite MidCap Indexတွင် ပါဝင်ဖွဲ့စည်းထားသည့် စတော့များကို ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။
ရောင်းဝယ်ရေးခွဲတမ်း
စတော့ကွန်နက်တွင် ပထမအဆင့်အနေဖြင့်Northbound  နှင့်Southbound Trading  ဟူ၍ ခွဲခြားထားပြီး တစ်နေ့တာ ရောင်း ဝယ်ခွင့် ကိုယ်တာများဖြင့် ခွဲခြားသတ်မှတ်ထားသည်။ North- bound trading တွင်  စုစုပေါင်းAggregate value   ကို တရုတ်ယွမ် ၃၀ဝ ဘီလီယံ သတ်မှတ်ထားပြီSouthbound Trading တွင် စုစု ပေါင်း Aggregate value ကို တရုတ်ယွမ်၂၅၀  ဘီလီယံသတ်မှတ် ထားသည်။ အဆိုပါ ကိုယ်တာများကို တစ်နေ့တာအတွင်း အသား တင် ရောင်းဝယ်မှု ခြားနားချက်အပေါ် အခြေခံကာ သတ်မှတ်ထား သည်။ တစ်နေ့တာ ရောင်းဝယ်မှု  ကန့်သတ်ချက်ကိုလည်း တစ်နေ့ တာ အဝယ် အသားတင်တန်ဖိုးကိုလိုက်၍ အမြင့်ဆုံး ကန့်သတ် ချက်ကို သတ်မှတ်ထားသည်။Northbound trading တွင် တစ်နေ့ ယွမ် ၁၃ ဘီလီယံသတ်မှတ်ထားပြီSouthbound Trading ကို ယွမ် ၁၀ ဒသမ ၅ ဘီလီယံ သတ်မှတ်ထားသည်။ 
ရောင်းဝယ်ရေးနှင့် စာရင်း ရှင်းလင်းရေး
Northbound trading ကို ရှန်ဟိုင်းစတော့အိပ်ချိန်း စတင် သည့်နေ့တွင် စတင်သော်လည်း ရှန်ဟိုင်းစတော့အိပ်ချိန်းသည် အရောင်းအဝယ်အော်ဒါများကို  ပြည်မကြီးစတော့အိပ်ချိန်းများ မဖွင့်မီ ငါးမိနစ်ကြို၍လက်ခံသည်။Southbound tradingကိုမူ ဟောင်ကောင်စတော့အိပ်ချိန်း စတင်သည့်အချိန်အတိုင်း လက်ခံ ဆောင်ရွက်သည်။ အရောင်းအဝယ်ဖြစ်ပြီးသော စတော့များ အတွက် စာရင်းရှင်းလင်းခြင်းကိုလည်းNorthbound  နှင့်South- bound ခွဲခြား ရှင်းလင်းလေ့ရှိသည်။Northbound အတွက် စာရင်း ရှင်းလင်းရာတွင်“ChinaClear”  သည် စာရင်းရှင်းလင်းရေး  ဗဟို ချက်မအဖြစ်ဆောင်ရွက်ကာKong Kong Securities Clearing Corporation (HKSCC) က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။Southbound  ရောင်းဝယ်ရေးအတွက် စာရင်း ရှင်းလင်းရာတွင်HKSCC က  ဗဟိုချက်အဖြစ် ဆောင်ရွက်၍ “ChinaClear”  က စာရင်းရှင်းလင်းရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

Ref: Shanghaistockexchange.com

ထွန်းသက်ထွန်း