Main menu

Background

ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ အရန်သိုလှောင်မှုထဲက သကြားများလေလံတင်

Tue, 11/23/2010 - 10:03 -- Anonymous (not verified)

 ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ အရန်သိုလှောင်မှုထဲက သကြားများလေလံတင်     တရုတ်နိုင်ငံမှာ ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့နဲ့ ဈေးကွက်ရောင်းချမှု အာမခံချက်ရှိစေဖို့ အရန်သိုလှောင်မှုထဲက သကြားတန်ချိန် ၂ သိန်းကို နိုဝင်ဘာလ ၂၂ ရက်မှာ လေလံတင်သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အရန်သိုလှောင်ထားတဲ့ သကြားများကို တရုတ်လူမျိုးများ အစားအသောက်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီများကို တစ်တန် ကန်ဒေါ်လာ ၅၉၇ အခြေခံဈေးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။      ယခုလေလံဟာ ၂ဝ၁ဝ-၂ဝ၁၁ ကြိတ်ခွဲရာသီအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်မှာ နိုင်ငံတော်အရန် သကြားထဲက တန်ချိန် ၂၁ဝဝဝဝ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အမြင့်ဆုံးလေလံဈေးဟာ တစ်တန်ကို ယွမ် ၆၆၈ဝ ဒသမ ၅၆ (ကန်ဒေါ်လာ ၉၉၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ အတွင်း သကြားဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်အောက်တိုဘာလမှာ တစ်တန်ကို ယွမ် ၂၈ဝဝ (ကန်ဒေါ်လာ ၄၁၈ )ရှိခဲ့ရာမှ ယွမ် ၆ဝဝဝ (ကန်ဒေါ်လာ ၈၉၅) ကျော် ကို မြင့်တက်ခဲ့ပါတယ်။       တရုတ်နိုင်ငံတောင်ပိုင်းနိုင်ငံရဲ့ သကြားအများဆုံးထုတ်လုပ်တဲ့ ကွမ်ရှီးမှာ နိုဝင်ဘာလ ၈ ရက် သကြားဈေးဟာ တစ်တန်ကို ယွမ် ၇၆ဝဝ (ကန်ဒေါ်လာ ၁၁၃၄) ထိ စံချိန်တင်မြင့်တက်သွားခဲ့လို့ ၂ဝဝ၉-၂ဝ၁ဝ ကာလတူထက် ၇၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအစိုးရရဲ့ ဝက်ဘ်ဆိုဒ် သတင်း အရ အစိုးရအနေနဲ့ ဈေးနှုန်းထိန်းချုပ်မှု မူဝါဒများကို စဉ်းစားနေကြောင်း သိရပါတယ်။ ယမုံနာ၊Sources: Xinhua