Main menu

Background

အဝေးပြေးယာဉ်လိုင်းအချို့ ခရီးသည်များလုံခြုံရေးအတွက် သတိပေးချက်ထုတ်ပြန်မှုများလုပ်ဆောင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြ၍ ယာဉ်စီးလက်မှတ်ဝယ်ယူသင့်

Tue, 11/23/2010 - 11:19 -- Anonymous (not verified)

 အဝေးပြေးယာဉ်လိုင်းအချို့ ခရီးသည်များလုံခြုံရေးအတွက် သတိပေးချက်ထုတ်ပြန်မှုများလုပ်ဆောင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြ၍ ယာဉ်စီးလက်မှတ်ဝယ်ယူသင့်          အဝေးပြေးယာဉ်လိုင်းအချို့တွင် ခရီးသည်များလုံခြုံရေးအတွက် သတိပေး ထုတ်ပြန်ချက်များ လုပ်ဆောင်လာတာတွေ့ရပါတယ်။                    မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းဥက္ကဋ္ဌ ဦးအေး ဇော်က 'ယာဉ်မထွက်ခင် ဗီနိုင်းနဲ့ သတိပေးချက်ဖတ်ပြပြီး ယာဉ်အတက်အဆင်းနဲ့ ပြတင်းပေါက်ဘေးမှာလည်း သတိပေးချက်ကြော်ငြာစာတွေ ကပ်ပေးထားတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် ယာဉ်လိုင်းဘက်ကလည်း တတ်နိုင်သလောက် သတိပေးချက်တွေ ထုတ်ပြန်ပေးတယ်။ ခရီးသည်တွေအနေနဲ့လည်း မိမိတို့ပစ္စည်းကို သတိထားပြီး စောင့်ရှောက်သင့်သလို ယာဉ်လက်မှတ်ဖြတ်တဲ့အခါမှာလည်း နိုင်ငံ သား စိစစ်ရေးကတ်ပြပြီး ဝယ်ယူသင့်တယ်'လို့ ပြောပါတယ်။                   'ယာဉ်စီးလက်မှတ် ဝယ်ယူတဲ့အခါမှာ တချို့ခရီးသည်တွေက မှတ်ပုံတင် တောင်းရင် မပြချင်ကြဘူး။ တချို့လည်း ယာဉ်ထွက်ခါနီးမှ လာတာလည်းရှိပါတယ်။ မှတ်ပုံတင်ပြခိုင်းတာက ခရီးသည်တွေ လုံခြုံရေးအတွက်ပါ။ ၂ဝဝဝ ပြည့်နှစ်တုန်းက LEO  ကားမှာ နိုင်ငံခြားဧည့်သည် ပတ်စ်ပို့ပျောက်တာမျိုးဖြစ်ဖူးတယ်။ ဒီလိုကိစ္စမျိုးက ငွေပေးလျော်လို့လည်းမရဘူး။ မသမာတဲ့သူက လမ်းခုလတ်မှာ သူများအိတ်ဆွဲပြီး ဆင်းသွားတာမျိုးဖြစ်တတ်တယ်'လို့ အထက်ပါပုဂ္ဂိုလ်က ဆက်၍ပြောပါတယ်။ အဝေးပြေးယာဉ်များစီးရာမှာ မိမိတို့လုံခြုံရေးအတွက် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ခရီးသွားထောက်ခံချက်များကို ပြသင့်ပါတယ်။ အဝေးပြေးယာဉ် လိုင်းအချို့မှာ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ခရီးသွားထောက်ခံချက်များ ကိုကြည့်ရှုပြီးမှ စာရင်းသွင်းရန် အားနည်းလျက်ရှိသေးကြောင်း ခရီးသည်အချို့ထံ မှ သိရပါတယ်။ ဇူးဇူး