ရောင်းသူ၊ ဝယ်သူမရဲကြသည့် အခြေအနေကြောင့် ကားဈေးကွက်အေး ရန်ကုန်မြို့ ကားဈေးကွက်အတွင်း တွင် ရောင်းသူနှင့်ဝယ်သူ နှစ်ဦးစလုံး မရောင်းရဲ၊ မဝယ်ရဲ အခြေအနေများ ကြောင့် အရောင်းအဝယ်များ အေးနေကြောင်း ဟံသာဝတီ ကားဝယ်ရောင်းစ ခန်းမှ ပွဲစားတစ်ဦးကပြောကြားသည်။ ''အခုဈေးကွက်ထဲမှာ ရောင်းသူ ကလည်း ထုတ်မရောင်းရဲသလို ဝယ်သူ ကလည်း သိပ်မဝယ်ရဲကြဘူး၊ စဉ်းစား ချင့်ချိန်နေကြတယ်။ ကားဈေးတွေက လည်း မငြိမ်ဘူးဖြစ်နေတယ်။ ခုပြော နေတုန်းတစ်ဈေးပေါက်ရင် နောက် ၅ မိနစ်လောက်ဆိုရင် ဈေးကတစ်မျိုး ပြောင်းချင်ပြောင်းသွားတာ၊ ဈေးကအတည်သတ်မှတ်လို့မရဘူးဖြစ်နေတယ်။ အကုန်လုံးက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတယ်။ အခုဈေးကွက် ထဲမှာ အိမ်သုံးဇုန်ထုတ်ကားအနည်းငယ် ပဲအရောင်းအဝယ်ရှိတယ်။ ကျန်တဲ့ကား တွေကတော့ အေးနေတယ်'' ဟုယင်း ကပြောကြားသည်။ အဆိုပါရန်ကုန်ဈေးကွက်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့ သော ကားဈေးနှုန်းများမှာ CE ကျပ် သိန်း ၂၅ဝ၊ R+IC ကျပ်သိန်း ၂၄ဝ ဝန်းကျင်၊Tip Top ကျပ်သိန်း ၂၄ဝ ဝန်းကျင်၊Honda ၄(ဂ) ကျပ်သိန်း ၄ဝဝ၊ ဖင်ကောက် ကျပ်သိန်း ၄ဝဝ ဝန်းကျင်၊Light Truck ကျပ်သိန်း၁၂ဝ ဝန်းကျင်၊Mark II ၉၉ မော်ဒယ်လ် ကျပ်သိန်း ၆ဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။ မင်းသန့််
Background