Main menu

Background

နေပြည်တော်တွင် ကျင်းပမည့် ကားလေလံပွဲ စိတ်ဝင်စားသူနည်းပါး

Tue, 11/23/2010 - 11:48 -- Anonymous (not verified)

 နေပြည်တော်တွင် ကျင်းပမည့် ကားလေလံပွဲ စိတ်ဝင်စားသူနည်းပါး       နေပြည်တော်ရှိ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနတွင် နိုဝင်ဘာလ ၂၃ရက် နံနက် ၉ နာရီမှစ၍ အသုံးမလိုပိုလံျှမော်တော်ယာဉ် ၅၁စီး၊ ဆိုင်ကယ် ၁၈၃ စီးနှင့် ယခင်လေလံမအောင်ကျန်ရှိ မော်တော်ယာဉ် ၃၄ စီးတို့ကို One Stop Service ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံပွဲတွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ကားများ၊ အများဆုံး ပါဝင်လျက်ရှိပြီး လူကြိုက်များသည့် ဗင်နှင့် ဆလွန်းကားများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။ '' ဒီတစ်ခါလေလံပွဲက ကားပွဲစားတွေ ကြိုက်တဲ့ ကားနည်းတယ်၊ သွားတဲ့သူလဲ နည်းမှာပါ၊ အရင်ပွဲကလဲသွားတဲ့သူ နည်းခဲ့တဲ့အပြင် ကြမ်းခင်းဈေးတောင် မမီဘူး'' ဟု ကားပွဲစားတစ်ဦးက ပြောကြားသည်။ အဆိုပါ ကားလေလံပွဲတွင် မစ်ဆူဘီရှိ၊ ဟွန်ဒါစသည့် ဝက်ဂွန်အမျိုးအစား ကားခြောက်စီး၊ တိုယိုတာမတ်တူး၊ တိုယိုတာကိုရိုလာ၊ တိုယိုတာ Camary  စသည့် ဆလွန်းကား အမျိုးအစား ၂၁ စီး၊ တိုယိုတာကယ်ဒီးနား၊ တိုယိုတာကော်ရိုလာ၊ မစ်ဆူဘီရှီစသည့် ဗင်အမျိုးအစားကား ၁၄ စီးနှင့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် တရုတ် နိုင်ငံထုတ်ကား စုစုပေါင်း ၃၆ စီးပါဝင်ကြောင်း၊ ဆိုင်ကယ်များတွင်  Kenbo၊ Shayon Feiling၊ Toyota ၊ London စသည့် မော်တော်ဆိုင်ကယ်များပါဝင်ပြီး ငါးစီးကို Lot  တစ်ခုပါဝင်ကြောင်း သိရသည်။ အဆိုပါလေလံပွဲတွင် ပါဝင်သည့်ကားများသည် ပူတာအို၊ လားရှိုး၊ မူဆယ်၊ လွယ်ဂျယ်၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွှေညောင်၊ ကျိုင်းတုံစသည့် မြို့များတွင်ရှိကြောင်း သိရသည်။ '' ပြီးခဲ့တဲ့လေလံပွဲမှာ လေလံအောင်တာ နည်းတဲ့ အပြင် ကားပွဲစားတွေ လိုင်စင်ဝင်တဲ့ယာဉ်တွေကို စိတ်ဝင်စားတာ များနေကြတဲ့ အတွက် သွားတဲ့သူနည်းတယ်'' ဟု လေလံပွဲစားတစ်ဦးက ပြောကြားသည်။ ယခု နောက်ပိုင်းကျင်ပသည့် လေလံပွဲများတွင် လာရောက်လေလံဆွဲသူများ အဆင်ပြေစေရန် တစ်နေရာတည်းတွင် အပြီးအပြတ်ဆောင်ရွက်ပေးသည့် One Stop Service  ပေးလျက်ရှိသည်။ လေလံတင်ရောင်းချပွဲများကို စိတ်ဝင်စားသူနည်းပါး လာသည့်အတွက် ကြမ်းခင်းဈေးများသည် တစ်ပွဲနှင့်တစ်ပွဲ ကျဆင်းလာနိုင်ကြောင်း သိရသည်။           ယခုလေလံပွဲတွင် ဝယ်ယူခွင့်ရရှိကြမည့်သူများသည် လေလံပွဲအပြီး နောက် တစ်ရက်နေ့တွင် နောက်ဆုံးထား၍ အောင်မြင်ငွေအား အပြီးပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ ကိုဖြိုး