၂၀၂၅ ခုနှစ် ရှစ်လတာကာလအတွင်း အမေ ရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၁၆ သန်းတန်ဖိုးရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက်များ တင်သွင်းခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် ၆၇ ရာခိုင် နှုန်း မြင့်တက်လာခဲ့သည်။ ငှက်ပျောသီး၊ မာလကာသီး၊ နဂါးမောက်သီး၊ အုန်းသီးနှင့် ၎င်းအသီးများမှ ထုတ်လုပ် သော ထုတ်ကုန်များသည် အမေရိကန် စားသုံးသူများ ကြား အထူးရေပန်းစားခဲ့ကြောင်း ဗီယက်နမ် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရ သိရသည်။
ဂျပန်နှင့် တရုတ်(တိုင်ပေ)တို့ကဲ့သို့ အချို့သော ဈေးကွက်များသို့ တင်ပို့ရောင်းချမှုမှာလည်း သိသိသာ သာ မြင့်တက်လာခဲ့သည်။ သို့သော် တရုတ်နှင့် ထိုင်းနိုင်ငံ တို့ကဲ့သို့ အဓိကဝယ်လက်များက သွင်းကုန် ၁၅ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းကို လျှော့ချခဲ့သောကြောင့် စုစုပေါင်း ပို့ကုန် ၂ ရာခိုင်နှုန်း ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။
ထိုသို့တင်ပို့မှု မြင့်တက်လာရသည့် အကြောင်း အရင်းမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုတွင် အစုရှယ်ယာ အများဆုံးဖြစ်သော ဒူးရင်းသီးတင်ပို့မှုမြင့် တက်လာခြင်းကြောင့်ဖြစ်သည်။ ဒူးရင်းသီးများ အဓိက တင်ပို့သည့် ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့တင်ပို့မှု သည် အရည်အသွေး သတ်မှတ်ချက်များ တင်းကျပ်မှု ကြောင့် တင်ပို့မှုကျဆင်းခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးများသည် ကောင်းမွန်သော စံနှုန်းများနှင့် ကိုက်ညီမှုရှိသောကြောင့် တင်ပို့မှု ပြန်လည်မြင့်တက် လာခဲ့သည်။
ထိုသို့ ဒူးရင်းသီး တင်ပို့မှုများ ဆက်လက်မြင့်တက် နေပါက ၂၀၂၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၂၀၂၄ ခုနှစ်က စံချိန် တင် တင်ပို့နိုင်ခဲ့သော ဒေါ်လာ ၇ ဘီလီယံကို ကျော်လွန် သွားမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထား ကြသည်။
Source : Vnexpress ၊
ဟန်ကိုကျော်။
DOCA(ရန်ကုန်)