ဈေးငြိမ်ပြီး အဝင်သွက်လာတဲ့ ပြည်ချင်းဈေးကွက် ပြည်ချင်းဈေးကွက်ရဲ့ ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေပြီး ယခင်အပတ်ကအတိုင်း တစ်ပိဿာကို အနိမ့်ဆုံး ၁၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၅ဝဝ ကျပ်နဲ့ ပုံမှန်ရောင်းဝယ်လျက် ရှိပါတယ်။ယခုအချိန်ဟာ အောင်ပန်းချင်းများ စပြီးရင့်တဲ့အချိန်ဖြစ်လို့ သိုလှောင်အထားခံတဲ့အတွက် ပြည်ဈေးကွက်ရှိ ချင်းရောင်း ဝယ်သူများအနေဖြင့် ပိုမို မှာယူခြင်းများကြောင့် အဝင်လည်း များလာတာ တွေ့ရပါတယ်။ ယခင်ကတစ်ပတ်ကို ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့် အထိသာ အဝင်ရှိပြီး ယခုတစ်ပတ် အိတ် ၃ဝဝ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို မန္တလေးတိုင်းဒေသကြီးမှ မိတ္ထီလာချင်းများ ဒီဇင်ဘာ လ ဆန်းပိုင်းတွင် ဝင်ရောက်မယ်လို့လည်း သိရပါတယ်။ ဝင်းလဲ့ဝါ
Background