သိုလှောင်၊ ဈေးကစားခြင်းကြောင့် တရုတ်ကြက်သွန်ဖြူနဲ့ ချင်းဈေးများမြင့်တက တရုတ်နိုင်ငံမှာ ချင်းနဲ့ကြက်သွန်ဖြူတို့လို အဓိကချက်ပြုတ်ရတဲ့ ကုန်စည်ဈေး ဟာ မနှစ်ကထက် နှစ်ဆ မြင့်တက်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ဝန်ကြီးဌာနရဲ့ ၃၆ မြို့ နယ်မှာ စစ်တမ်း ကောက်ယူချက်အရ ကြက်သွန်ဖြူဈေးဟာ ၉၆ ရာခိုင်နှုန်းမြင့်တက်ပြီး ချင်းဈေးက ၉ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကုန်ပစ္စည်းနှစ်မျိုးကို သိုလှောင် ထိမ်းသိမ်းပြီး ဈေးကစားကြတာ ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်တယ်လို့ ဈေးကွက် စီမံကွပ်ကဲမှုဌာန ဒါရိုက်တာ Wong Bingnan မှ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်များရဲ့ အောက်တိုဘာလဈေးနှုန်းဟာ တစ်နှစ်ထက် တစ်နှစ် ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ အလုပ်သမားစရိတ်ကြီးမြင့်ခြင်းနဲ့ ထုတ်လုပ်မှု စရိတ်ကြီးမား တိုးတက် နေခြင်းတို့ကြောင့် ဈေးနှုန်းက အတက်ဘက်ကို ဆက်လက်ဦးတည်ဖွယ်ရှိတယ် လို့လည်း အမျိုးသားဖွံ့ဖြိုးမှုရဲ့ ပြန်လည်ထူထောင်ရေးကော်မရှင် ဈေးနှုန်းထိန်းချုပ် ရေး ဌာန ဒုတိယညွှန်ကြားရေးမှူး Zhou Wangjun က ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနံှနဲ့ ဝါတို့လို စိုက်ပျိုးရေးကုန်စည်များကို အစိုးရထိန်းချုပ်မှုနဲ့ နှိုင်းယှဉ်ရင် ကြက်သွန်ဖြူ၊ ချင်းနဲ့ ဟင်းသီးဟင်းရွက်တို့လို ထုတ်ကုန်တွေအတွက် ဈေးကွက်အနိမ့်အမြင့် များလွန်းတာကြောင့် ဈေးနှုန်းတည်ငြိမ်စေဖို့အတွက်အစိုးရ ရဲ့ တင်းကျပ်
Background