Main menu

Background

နယ်စပ် အပို့နည်း

Wed, 11/24/2010 - 04:15 -- Anonymous (not verified)

 နယ်စပ် အပို့နည်း       ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နနွင်းတက် ၁ တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတော့ ၂ တန်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တင်ပို့မှုလျော့နည်း နေတာတွေ့ရပါတယ်။ နနွင်းထွက်တဲ့ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော်ဒေသတွေမှာ ဒီဇင်ဘာလ လောက်မှ နနွင်းအသစ်တွေ ဈေးကွက်ထဲ ဝင်လာတော့မှာဖြစ်လို့ ဒေသထွက် နနွင်း လက်ကျန်ညံ့နဲ့ နနွင်းသန့်ရောနေတာကြောင့် တစ်ဖက်နိုင်ငံ ဝယ်လိုအား နည်းနေသေးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီဇင်ဘာလကျော်ရင် ဝယ်လိုအား ကောင်းလာနိုင်တယ်လို့ဆိုပါတယ်။ စစ်တွေနယ်စပ်မှာ နနွင်းတက် တစ်တန်မိမိဘက်မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝကျပ်ရှိပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေး ကတော့ ၁၃၂၅ဝဝ တာကာ ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT)