Main menu

Background

ဒီတစ်ပတ် တန် ၅ဝ ကျော်တင်ပို့

Wed, 11/24/2010 - 04:13 -- Anonymous (not verified)

ဒီတစ်ပတ် တန် ၅ဝ ကျော်တင်ပို့       ပင်လယ်ရေကြောင်း ကနေ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်ကို တင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုဝင်ဘာ ၈ ရက် မှ ၁၄ ရက် တာကာလအတွင်း ကိုရီးယားနိုင်ငံကို ၅ဒသမ ၁၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၄၄ တန် နဲ့ စင်ကာပူနိုင်ငံကို ၁ဒသမ ၅၅တန် တင်ပို့ခဲ့တာဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ ဈေးကွက်တင်ခဲ့ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၆၃၂၄ ဒေါ်လာ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ရေကြောင်း ကနေ နနွင်းတန်ချိန် ၁၆ ဒသမ ၅တန်တင်ပို့နိုင်ခဲ့ကာ ယခုတစ်ပတ် ၅ဝ ဒသမ ၇၃ တန်တင်ပို့နိုင်ခဲ့တဲ့ အတွက် တဖြည်းဖြည်း နနွင်းပုံမှန် အပို့ ပြန်လည်နေရာ ရလာတာတွေ့ရပြီး ယခု သီတင်းပတ်မှာ တန်ချိန် ၃ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT)