Main menu

Background

လက်ကျန်နည်းချိန် ရှမ်းနနွင်း တက်ဈေးမှာရှိ

Wed, 11/24/2010 - 04:18 -- Anonymous (not verified)

လက်ကျန်နည်းချိန် ရှမ်းနနွင်း တက်ဈေးမှာရှိ           အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်က ဈေးသာရှိပြီး ပစ္စည်းလက် ကျန်မရှိဖြစ်နေပါတယ်။ ဝယ်လက်တွေကတော့ ပစ္စည်းကောင်း၊ သန့်တွေသာ လိုချင်ပေမဲ့ ပစ္စည်းလက်ကျန်တွေကလည်း အညံ့စတွေ ဖြစ်နေတာကြောင့် လှောင် လက်တွေဆီက ပစ္စည်းတွေကို ရွေးဝယ်နေရပါတယ်။ ဒီနှစ်နနွင်း အထွက်ကလည်း ယခင်နှစ်တွေကလို ပုံမှန်ထွက်ပေမဲ့ ပေါ်ကာစဈေးကောင်းချိန်မှာ ပစ္စည်းကောင်း တွေကလည်း ထွက်သွားတာကြောင့် လှောင်လက်တွေမှာ အညံ့စတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ပင်လောင်းဖက်ကထွက်တဲ့ နနွင်းကတော့ ရေ၊ မြေအနေ အထားနဲ့ မြေဖြူတွေမှာစိုက်ရတာကြောင့် ဈေးကွက်ဝင်နနွင်း သိပ် မထွက်ပါဘူး။ ဈေးကောင်းပြီး ဝယ်လိုအားများနေတဲ့အချိန်မှာတော့ နနွင်းသန့်တွေနဲ့ ရောရောင်း ကြတယ်လို့ သိရပါတယ်။ နနွင်းကလက်ကျန်လည်း နည်းလာတာကြောင့် ဈေးကလည်း တက်နေပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေး ရှိပြီး အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့်က တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နနွင်းညံ့က ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်