Main menu

Background

လက်ကျန်နည်းပြီး ဝယ်လိုအားကောင်းလို့ အိန္ဒိယနနွင်းဈေးအမြင့်မှာရှိနေ

Wed, 11/24/2010 - 04:20 -- Anonymous (not verified)

လက်ကျန်နည်းပြီး ဝယ်လိုအားကောင်းလို့ အိန္ဒိယနနွင်းဈေးအမြင့်မှာရှိနေ          အိန္ဒိယနနွင်းထုတ်လုပ်တဲ့ဒေသတွေမှာ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ လက်လီနဲ့လှောင်လက်များ အဝယ် တက်လာတာကြောင့် နနွင်းတစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၄ ) မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နနွင်းစိုက်တဲ့ ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် နနွင်းအသစ်ဝင်ရောက်မှု နှောင့်နှေးဖွယ် ရှိခြင်းကလည်း ဈေးနှုန်းကို မြင့်တက်စေပါတယ်။ အီရော့ခရိုင်မှာ မိုးရွာသွန်းနေလို့ နနွင်းအသစ်ဟာ ဒီဇင်ဘာလလယ်မှာ ဝင်ရောက်မယ်လို့ အရင်ကခန့်မှန်း ခဲ့ရာက ဇန်နဝါရီလ ပထမပတ် (ဒါမှမဟုတ်) ဒုတိယပတ်လောက်မှသာ ဝင်ရောက်ဖွယ်ရှိတယ်လို့ အီရော့နနွင်း ကုန်သည်များ အသင်းဥက္ကဌ မစ္စတာ အာဗွီရာဗီဆွန်ကာက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြောကြား ပါတယ်။NCDEX မှာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလစာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၁၃၉၂၆ဝ (ကန်ဒေါ်လာ ၃ဝ၆၅ )နဲ့ ရူပီး ၁၄ဝ၁၆ဝ (ကန်ဒေါ်လာ ၃ဝ၈၅ ) ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။                လက်ငင်းအခြေခံဈေးကွက်တွေဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့တို့မှာ နနွင်းဝင်ရောက်မှုကျဆင်းပြီး အဝယ် သွက်နေတာကြောင့် အဆင့်မြင့်နနွင်း တစ်တန်ကို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃ ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းရာသီအတွင်း ပြည်တွင်းလှောင်လက်များနဲ့ ပြည်ပဝယ်လက်များ ဝယ်လိုအား တိုးတက်လာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လှောင်လက်တွေလက်ထဲမှာ နနွင်းလက်ကျန်ဟာ တစ်အိတ်ကို ကီလို ၇ဝ-၇၅ ပါဝင်တဲ့ အိတ်ပေါင်း ၁၂ သိန်း ကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSource: PTI