Main menu

Background

၂ဝ၁ဝ ပြည့် နှစ်အတွင်း နေပြည်တော် အိမ်ခြံမြေဈေးကွက် သိသိသာသာလှုပ်ခတ်လာ

Wed, 11/24/2010 - 04:35 -- Anonymous (not verified)

 ၂ဝ၁ဝ ပြည့် နှစ်အတွင်း နေပြည်တော် အိမ်ခြံမြေဈေးကွက် သိသိသာသာလှုပ်ခတ်လာ              မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည် နေပြည်တော်ရှိ အိမ်ခြံမြေဈေးကွက် သည် ၂ဝ၁ဝ ပြည့်နှစ်အတွင်း သိသိ သာသာ လှုပ်ခတ်လာပြီး ရင်းနှီးမြုပ်နံှ လိုသူများ ဝင်ရောက်လာကြကြောင်း သိရပါတယ်။ နေပြည်တော်တွင် သပြေကုန်းရပ် ကွက်၊ ရာဇဌာနီလမ်းမကြီး ဝဲ/ယာရှိ ပေါင်းလောင်း (၁)နှင့် ပေါင်းလောင်း (၂) ရပ်ကွက်ကြီးများ၊ အသစ်ဖော်ထုတ် ထားသည့် ရွှေကြာပင်ရပ်ကွက်စသည့် နေရာများလို လူကြိုက်များ စိတ်ဝင် စားကြကြောင်းသိရပါတယ်။    ''အရင်ကထက် နေပြည်တော် အိမ်ခြံမြေဈေးကွက်က လှုပ်လာတယ်၊ အရောင်းအဝယ် ဖြစ်တာတွေအပြင် အငှားတွေပါ ရှိလာတယ်''ဟု နေပြည် တော်အခြေစိုက် အိမ်ခြံမြေ အကျိုး ဆောင်တစ်ဦးက ပြောကြားသည်။        နေပြည်တော်သပြေကုန်းရပ်ကွက်သည် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်နှင့် ဆက်စပ်နေသကဲ့သို့ ဈေး၊ သရီးဒီ ရုပ်ရှင်ရုံ၊ ရေပန်းဥယျာဉ်၊ စာတိုက်ကြီး၊ ကျောင်း၊ ဟိုတယ်ဇုန်များနှင့် နီးကပ်နေ ကြကြောင်း၊ အဆိုပါရပ်ကွက်သည် ယခင် သိန်း ၈ဝ သာရှိခဲ့သည့် ပေ ၆ဝ ပတ်လည်မြေကွက်သည် ယခုအခါ သိန်း ၁ဝဝဝ နီးပါး ခေါ်ဈေးရှိလာကြ ကြောင်း ပေါင်းလောင်းရပ်ကွက် အတွင်းရှိ ပေ ၆ဝ x ပေ ၄ဝ မြေကွက် များသည် သိန်း ၁၂ဝဝ ဝန်းကျင်ရှိပြီး ပေ ၆ဝ x ပေ ၈ဝ မြေကွက်များသည် သိန်း ၂ဝဝဝ နီးပါးရှိကြကြောင်း သိရ သည်။        နေပြည်တော်သည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည့် အတွက် အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက် ရင်းနှီးမြုပ်နံှလိုသူများ တဖြည်းဖြည်း ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။ ''ရန်ကုန်မှာက ရင်းနှီးမြုပ် နံှဖို့လိုချင်ရင်တောင် အရောင်းနည်းပါး လာတဲ့အတွက် မန္တလေး၊ နေပြည်တော် ကို ရင်းနှီးထားသူတွေ ဝင်လာတယ်။ အဓိက သွားကြတာနေပြည်တော်ပါပဲ'' ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက သုံးသပ်ပြော ကြားသည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် လက်ရှိနေအထားအရ အရောင်းအဝယ်ဖြစ်မှု နည်းပါးလျက် ရှိပြီး အငှားများသာ များပြားလျက်ရှိ ကြောင်း၊ အငှားများတွင် ကွန်ဒိုတိုက် ခန်းငှားရမ်းမှုသည် အများဆုံးဖြစ်နေ ကြောင်း၊ ထိုကဲ့သို့သော အခြေအနေ မိုျးတွင် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နံှသူ များသည် နေပြည်တော်သို့သွားရောက် ကြပြီး အကွက်ချ၍ အလားအလာရှိ သည့် မြေကွက်များကို ဝယ်ယူရင်း ရင်းနှီးမြုပ်နံှလာကြကြောင်း၊ သို့သော် နေပြည်တော် အိမ်ခြံမြေဈေးကွက်သည် တည်ငြိမ်သည့် ပေါက်ဈေးမရှိဘဲ အရောင်းအဝယ်ဖြစ်မှုအပေါ်တွင် ဈေး နှုန်းလိုက်ပါ ပြောင်းလဲလျက်ရှိကြောင်း သိရသည်။ ကိုဖြိုး