ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် (LNG) တင် သွင်းမှုသည် ၂၀၃၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံထက် သာလွန်နိုင်မည် ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှတွင် အိန္ဒိယနိုင်ငံပြီးနောက် ဒုတိယ အကြီးဆုံးLNG တင်သွင်းသည့်နိုင်ငံ ဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အကဲဖြတ်မှုများအရ သိရသည်။
ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂၀၃၅ ခုနှစ် တွင်LNG 75 ဘီလီယံကုဗစ်မီတာ (bcm) ခန့်တင်သွင်းမည်ဖြစ်ပြီး ၎င်းပမဏသည် ၂၀၂၄ ခုနှစ်တင်သွင်းမှုထက် ၆၀ ရာခိုင်နှုန်း မြင့်မား လျက်ရှိကြောင်း စည်းမျဉ်းများ၊ လမ်းညွှန်ချက်များ၊ လေ့လာမှုများ နှင့်အချက်အလက်များ ထောက်ပံ့ပေးလျက်ရှိသော အစိုးရကြား အဖွဲ့အစည်း၏ အကဲဖြတ်မှုအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင်LNG 42 မှ 44 bcm ခန့်တင်သွင်းမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည် ၂၀၃၅ ခုနှစ် တွင် LNG 33မှ 36 bcm ခန့်တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထက်LNG တင်သွင်းမှုများ မြင့်မားခဲ့သော်လည်း ၂၀၃၀ ခုနှစ်အကုန် ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းနိုင်ငံ၏ ပြည်တွင်းဓာတ်ငွေ့သုံးစွဲမှုမြင့်မားလာခြင်းနှင့် ဓာတ်ငွေ့ပြန်လည်ဖြည့်တင်းနိုင်စွမ်း ကြီးမားလာခြင်းတို့ကြောင့် LNGတင်သွင်းမှုများသည် ပါကစ္စတန် နိုင်ငံထက် ကျော်လွန်နိုင်ကြောင်း ှုနဗ ၏ အကဲဖြတ်မှုများအရ သိရ ပါသည်။
ယခုနှစ်များအတွင်း အိန္ဒိယနိုင်ငံတွင် ြွူ တင်သွင်းမှုများ သည် စက်မှုလုပ်ငန်းများအတွင်း ဝယ်လိုအားများမြင့်တက်လာခြင်း နှင့် ဝယ်ယူမှုအဆင်ပြေမှုများကြောင့် မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ၂၀၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ြွူ တင်သွင်းမှုကို ၃၅ ဘခာ မှ ၅၀ ဘခာ ခန့် တိုးချဲ့တင်သွင်းမည်ဖြစ်ကြောင်း IEA ၏ အကဲ ဖြတ်မှုများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ တို့သည် စွမ်းအင်ထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများအတွက်LNG ကို မှီခိုသုံးစွဲလျက်ရှိသည်။
ပြည်တွင်းဓာတ်ငွေ့ ထုတ်လုပ်လျက်ရှိသော ထိုင်းနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အတွက် ြွူ သည် ပြည်တွင်းဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းခြင်း အတွက် ပြည်လည်ဖြည့်တင်းသုံးစွဲရန် အရေးပါကြောင်း သိရသည်။
သတင်းထောက်များ၏ ပြောကြားချက်များရ အာရှသည် ပြည် တွင်းဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာမှုများအကြားတွင် ကမ္ဘာ့LNG ဝယ်လိုအား ကြီးထွားလာမှုအတွက် အဓိက မောင်းနှင်တံ အဖြစ် ရှိလာနိုင်ပြီး ၂၀၃၅ ခုနှစ်တွင်LNG တင်သွင်းမှုများ ၇၅ ရာခိုင် နှုန်းခန့် ရှိလာနိုင်ကြောင်း သိရသည်။
Source: The Daily Star
DOCA (ရန်ကုန်)၊ ညီမင်းထက်
