Main menu

Background

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်

Wed, 11/24/2010 - 04:43 -- Anonymous (not verified)

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ်