၂ဝ၁ဝ ခုနှစ် စက်တင်ဘာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန်ငွေပမာဏ ထုတ်ပြန် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလကုန်မှာ ဟောင်ကောင်ဒေသတွင် နိုင်ငံခြား အရန်ငွေပမာဏက အမေရိကန်ဒေါ်လာ ၂၆၆ ဒသမ ၁ ဘီလီယံ ဒါမှမဟုတ် ဟောင်ကောင်ဒေါ်လာ ၂ ထရီလီယံကျော်ရှိခဲ့ပြီး၊ ယခင်လထက် အမေရိကန် ဒေါ်လာသန်း ၂ဝဝ ခန့် မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် တရုတ်ယွမ်ငွေက အတည်ငြိမ်ဆုံးငွေကြေးအဖြစ် တည်ရှိနေမှုကြောင့် ဟောင်ကောင်ဒေသရဲ့ နိုင်ငံခြားအရန်ငွေအချို့ကို တရုတ်ယွမ်ငွေအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း၊ စုစုပေါင်းနိုင်ငံခြားအရန် ငွေပမာဏက ပြည်တွင်းမှာ လည်ပတ်လျက်ရှိတဲ့ ငွေကြေးပမာဏနဲ့ ငွေချေးစာချုပ်များရဲ့ ၉ ဆရှိကြောင်း၊ ဟောင်ကောင်ဒေသ က တရုတ်ပြည်မကြီး၊ ဂျပန်၊ ရုရှား၊ တရုတ်တိုင်ပေ၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံပြီးရင် သတ္တမမြောက် နိုင်ငံခြားအရန်ငွေပမာဏ အများဆုံးဆက်လက် ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ်။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုအခြေအနေ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံကို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုတန်ဖိုးက နှစ်အလိုက် ၆ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၈၄ ဘီလီယံရှိကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ပထမ ကိုးလတွင် စုစုပေါင်းနိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၇၄ ဒသမ ၃၄ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၎င်းပမာဏကပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၇ ဘီလီယံနဲ့ ပမာဏ တူညီပါတယ်။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး ကပြီးခဲ့တဲ့ သြဂုတ်လထက် ၁ ဒသမ ၃၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နံှမှုအများစုက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဝင်ရောက်ခဲ့ပြီး၊ စုစု ပေါင်းတန်ဖိုးရဲ့ ၄၇ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဝန်ဆောင်မှုကဏ္ဍတွင်လည်း ရင်းနှီး မြှုပ်နံှမှုတန်ဖိုးက ၄၅ ရာခိုင်နှုန်းဝင်ရောက်ခဲ့တယ်။ ၂ဝ၁ဝ ခုနှစ် ပထမကိုးလတွင် တရုတ်အစိုးရမှခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုလုပ်ငန်းပေါင်း ၁၉၂ဝ၉ ခုရှိပြီး ယခင်နှစ်ထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှ ပြည်ပကိုရင်းနှီးမြှုပ်နံှခဲ့တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၇ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားကုမ္ပဏီများ ဝယ်ယူရာတွင် ရင်းနှီးမြှုပ်နံှခဲ့ ကြောင်း လေ့လာသိရှိရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့
Background