Main menu

Background

အိန္ဒိယနိုင်ငံမှာအင်ဂျင်နီယာရှားပါးမှု အကြီးအကျယ်ဖြစ်

Wed, 11/24/2010 - 05:27 -- Anonymous (not verified)

 အိန္ဒိယနိုင်ငံမှာအင်ဂျင်နီယာရှားပါးမှု  အကြီးအကျယ်ဖြစ်         အိန္ဒိယနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ နိုင်ငံအနံှ့မှာ ဖွံ့ဖြိုးစည်ပင်လျက်ရှိနေပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွေ ရှားပါးမှုနဲ့ အကြီးအကျယ်ရင်ဆိုင် တွေ့ကြုံနေရ ပါတယ်။           ဉာဏ်ကောင်းပြီး ပညာတတ် ဘွဲ့ရတွေက သူတို့အတွက် လုပ်ငန်းတွေကို ရွေးချယ်တဲ့အခါမှာ ဘဏ်လုပ်ငန်း၊ စီမံခန့်ခွဲမှုအတိုင်ပင်ခံလုပ်ငန်းနဲ့ သတင်းအချက်အလက် နည်းပညာတွေကို ရွေး ချယ်ကြပါတယ်။မြို့ပြအင် ဂျင်နီယာကို ရွေးချယ်တဲ့ သူနည်းတဲ့အတွက် ဒီဂရီသင်တန်းအများအပြားကို ပိတ်ခဲ့ရပါတယ်။              အိန္ဒိယတက္ကသိုလ်တွေက ပေးတဲ့မြို့ပြ အင်ဂျင်နီယာ သင်တန်းသုံးပုံတစ်ပုံဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ ပိတ်ခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ် အင်ဂျင်နီယာ မစ္စတာအာနပ်ဘန်ဒိုပါယေက ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ လမ်းဖောက် ရေး လုပ်ငန်းတစ်ခုတည်းမှာပင် မြို့ပြအင်ဂျင် နီယာ လိုအပ်ချက်သုံးဆ ရှိလာမှာဖြစ်ပြီး လမ်း တွေကလည်း နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရဲ့ ၃ဝ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ အိန္ဒိယ အစိုးရက ၂ဝ၁၂ ခုနှစ်က ၂ဝ၁၇ ခုနှစ်အတွင်း လမ်းတွေ အဆင့်မြှင့်တင်ပေးဖို့အတွက် အမေရိကန် ဒေါ် လာ ၁ ထရီလီယံ သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။ တချို့ ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း တက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီး သင်တန်းတွေ အတွက် အကုန်အကျခံပြီး ဘွဲ့ရတွေကို စုစည်းဖို့ ကြိုးပမ်းလျက် ရှိပါတယ်။                                                                                    Source :The Strait Times