တရုတ်မြို့ ပြထူထောင်မှုက ပြည်တွင်းဝယ်လိုအားကိုတိုးတက်စေနိုင တရုတ်နိုင်ငံရဲ့ မြို့ပြထူထောင်မှုက ၂ဝ၃ဝ ပြည့်မှာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအား ကို ဝမ်ထရီလီယံ ၃ဝ (ဒေါ်လာ ၄ဒသမ၅ ထရီလီယံ)အထိ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ နိုင်ငံတော် ကောင်စီရဲ့ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ(SCDRC) ဒုတိယညွှန်ကြားရေးမှူး ဟန်ဂျန်က နိုဝင်ဘာ ၁၃ ရက်နေ့က ပြောပါတယ်။ နိုင်ငံရဲ့မြို့ပြထူထောင်မှုက ပြည်တွင်းဝယ်လိုအားကို အကြီးအကျယ် တိုးတက်လာစေမှာဖြစ်ပြီး ပို့ကုန်လုပ်ငန်းတွေ ကျဆင်းတောင်မှ တည်ငြိမ်တဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်တယ်လို့ဟန်က ပြောပါတယ်။မြို့ပြကိုပြောင်းရွှေ့လာသူတွေရဲ့အိမ်ရာမြေ ဝယ်လိုအားက အနာဂတ်တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မောင်းနှင်အားဖြစ်တယ်လို့ ဖိုရမ်တစ်ခုမှာ ဟန်က ပြောပါတယ်။ တရုတ်မြို့ပြထူထောင်မှုရဲ့ အဓိကပြဿနာက လယ်သမားတစ်ဖြစ်လဲ ရွှေ့ပြောင်း လုပ်သားတွေကို မြို့ပြတိုက်ခန်းနေထိုင်သူတွေ အဖြစ်ပြောင်းလဲရေးဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ(CPC )ဗဟိုကော်မတီရဲ့ တရုတ်ပြည်စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှု(၁၂)ကြိမ်မြောက် ငါးနှစ်စီမံကိန်း အဆိုပြုချက်ထဲမှာ မြို့ပြထူထောင်မှုကို အရှိန်မြှင့် ဆောင်ရွက်တာဟာ နောက်လာမဲ့ငါးနှစ်စီမံကိန်း ကာလအတွက်အရေးပါတဲ့တာဝန်ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။ SCDRC ကထုတ်ပြန်တဲ့ စာရင်းဇယားတွေ မှာ ၂ဝဝ၉ ခုနှစ်ကုန်ထိ တရုတ်နိုင်ငံရဲ့ မြို့ပြ ထူထောင်မှုဟာ ၄၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်မှာ ၆၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်လာလိမ့်မယ်၊ မြို့ပြနေထိုင်သူဦးရေကလည်း သန်း ၉၃ဝ ထိရှိလာလိမ့်မယ်လို့ ဖေါ်ပြထားပါ တယ်။ Source : Xinhua
Background