ယွမ်ကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တရုတ်အရာရှိက ပြောကြား ကမ္ဘာ့ငွေကြေးစနစ်ကို မတည်မငြိမ်ဖြစ်စေတဲ့ အပြည်ပြည်ဆိုင်ရာ အရန်ငွေကြေးတွေကို မှီခို အားထားနေတာကို တရုတ်နိုင်ငံက လျှော့ချသင့်တယ်လို့ တရုတ်ဗဟိုဘဏ်အရာရှိ Jin Zhongxia ကနိုဝင်ဘာ ၁၅ ရက်နေ့က ပြောပါတယ်။ငွေ စာရင်းတွေကို ရှင်းလင်းဖို့အတွက် ယွမ်ငွေကြေးကို ကျယ်ကျယ်ပြန့်ပြန့်သုံးရင် စွန့် စားရတဲ့အန္တရာယ် ကို လျှော့ချပေးနိုင်လိမ့်မယ်လို့ Jin ကပြောကြား တယ်လို့ ချိုင်းနားဒေလီသတင်းစာမှာ ဖေါ်ပြ ထားပါတယ်။ အရေအတွက်နည်းတဲ့ အရန်ငွေကြေးတွေကို ဗဟိုပြုပြီး ဆောင်ရွက်နေတဲ့ လက်ရှိအပြည်ပြည် ဆိုင်ရာ ငွေကြေးစနစ်ဟာ တည်ငြိမ်မှုမရှိဘူးလို့ Jin ကပြောပါတယ်။ သုံးလလောက်တန်ဖိုး ကျဆင်းနေတဲ့ ဒေါ်လာနဲ့ပတ်သက်ပြီး Jin စိုးရိမ် မကင်း ဖြစ်နေသလို အမေရိကန်ဗဟိုဘဏ်က အမေရိကန် ပြည်တွင်းစီးပွားရေး တိုးတက်ဖို့ အတွက် အစိုးရဘွန်းစာချုပ် ဘီလီယံ ၆ဝဝ ကို ဝယ်ယူဖို့ဆောင်ရွက်နေတာက ဒေါ်လာတန်ဖိုးကို ထပ်မံကျဆင်းစေနိုင်လို့ စိုးရိမ်မကင်းဖြစ်နေပါ တယ်။အရန်ငွေကြေးတွေကို အလွန်အကံျွ ရိုက် ထုတ်နေတာက ထွန်းသစ်စနိုင်ငံတွေကို အကျပ် အတည်းဖြစ်စေတယ်လို့ သူကပြောပါတယ်။အမေရိကန် ဗဟိုဘဏ်ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး စိုးရိမ် မိကြောင်းတရုတ်အရာရှိတွေက ကြိမ်ဖန်များစွာ ပြောဆိုခဲ့ကြပြီး ဒီငွေကြေးတွေက ဖေါင်းပွနေတဲ့ ရင်းနှီးမြှုပ်နံှမှုတွေအဖြစ် ထွန်းသစ်စ စီးပွားရေး တွေထဲကို စီးဝင်လာနိုင်ပါတယ်။ ဒါကြောင့် အရန်ငွေကြေးတွေနဲ့ ချိတ်ဆက် ထားတဲ့ နိုင်ငံတွေဟာ ငွေကြေးစီးဝင်မှု အရင်းအနှီး ဈေးကွက် ပူဖေါင်းနဲ့ငွေကြေးဖေါင်းပွမှု အန္တရာယ် တွေနဲ့တွေ့ကြုံနိုင်တယ်လို့ ဲJin က ပြောပါတယ်။ Source : AfP
Background