စင်ကာပူအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ရဲ့ လိုင်စင်တွေရုပ်သိမ်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ အက်ဥပဒေနဲ့ နိုင်ငံခြားလူအင်အား အက်ဥပဒေတွေကို ဖောက်ဖျက်တဲ့အတွက် ယခုနှစ်ယခုအချိန်ထိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၅ ခုရဲ့ လိုင်စင်တွေကို စင်ကာပူလူအင်အားဝန်ကြီးဌာနက ရုပ်သိမ်းခဲ့ပါတယ်။ ယခင်နှစ်က ရုပ်သိမ်းခဲ့တဲ့လိုင်စင် ၁၁ ခုနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်မှာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဥပဒေဖေါက်ဖျက်တဲ့ ပုံစံတွေထဲမှာ နိုင်ငံခြားသားတွေကို တရားမဝင်အလုပ်အကိုင်ခန့်ထားမှုကနေ လိုင်စင် မဲ့ အလုပ်အကိုင် အေဂျင်စီသို့မဟုတ် အေဂျင်စီတွေကို အကူအညီပေးမှုအထိပါဝင်ပါတယ်။ဒီအေဂျင်စီ ၁၅ ခုနဲ့အာမခံငွေတွေကိုလည်း အစိုးရပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ လိုင်စင်ပိုင်ရှင်တွေနဲ့ ဒါရိုက်တာတွေကိုလည်း အလုပ်အကိုင်ရှာဖွေရေး အဓိက ရာထူးများ ရယူခွင့်ကိုလည်း ပိတ်ပင်ထား ပါတယ်။ ယနေ့အထိလိုင်စင်သက်တမ်း ပြန်တိုးမပေးတဲ့အေဂျင်စီ ၁၇ ခုရှိတယ်လို့ ဝန်ကြီး ဌာနက ပြောပါတယ်။ လိုင်စင်သက်တမ်း ပြန်တိုးမပေးတဲ့ အကြောင်းရင်းထဲမှာ အလုပ်လုပ်ကိုင်ခွင့် (Work Pass) လျှောက်ထားရာမှာ လိမ်လည် လျှောက်ထားတာနဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလိုင်စင်ကိုင်ဆောင်ခွင့်ပိတ်ထားတဲ့ အေဂျင်စီတွေရဲ့ ကိုယ်စားလုပ်ငန်း ဆောင်ရွက်တာတွေ ပါဝင်ပါတယ်။Source : CNA
Background