ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော်ပမာဏရှိ အထည်ချုပ်ကဏ္ဍဆိုင်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေး၌ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းမှာ စက်မှုကဏ္ဍ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုတဲ့ Polyester အမျိုးမျိုး၊Synthetic Fabrics and Lining Materials ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀ဝ ရာခိုင်နှုန်း ရောင်းချခြင်း လုပ်ငန်းဖြစ်ကြောင်း သိရ သည်။
ယင်းလုပ်ငန်း၏ မတည်ရင်းနှီးငွေပမာဏမှာ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ဝ၂၅ သန်းဖြစ်ပြီး ဒေသတွင်း စက်မှုကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ မတည်ရင်းနှီးငွေ တိုးမြှင့်မည့်လုပ်ငန်းနှစ်ခု အပါ အဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၃ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။
ကိုတိုး
