Main menu

Background

တရုတ်နိုင်ငံက ဒီဇယ်တင်သွင်းရဖွယ် ရှိ

Wed, 11/24/2010 - 06:07 -- Anonymous (not verified)

တရုတ်နိုင်ငံက ဒီဇယ်တင်သွင်းရဖွယ် ရှိ        တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ စက်သုံး ဆီဆိုင် ၂ဝဝဝ ကျော်ရဲ့လက်ကျန်တွေ ကုန်ခန်းသွားတဲ့အတွက် တိုးတက် လာတဲ့ဝယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် ယခု လကစပြီး တရုတ်နိုင်ငံ ပိုင်ရေနံချက်စက်ရုံတွေက ဒီဇယ်တင်သွင်းမှုကို တိုးမြှင့်ရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးရေနံချက်စက်ရုံ China Petroleum and Chemicalက နိုဝင်ဘာ စောစောပိုင်းက တန်ချိန် ၈ဝဝဝဝ တင်သွင်းခဲ့ပြီး နောက်ပိုင်းနောက်ထပ်တန် ချိန် ၂ဝဝဝဝဝ တင်သွင်းဖို့စီစဉ်နေတယ်လို့ ကုမ္ပဏီရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ဆီနိုပက်ရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ ှSource:bloomberg.com