Main menu

Background

လားရှိုးကုန်စည်ဒိုင်(၂၂-၁၁-၂၀၁၀)

Wed, 11/24/2010 - 11:00 -- Anonymous (not verified)

လားရှိုးမှာ ပြောင်းအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်မှုများ             ပြောင်း ကဈေးကွက်သို့ အဝင်ရှိသလောက် တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားးများနေတာကြောင့်  ယခင်အပတ်နဲ့စာရင်  ဈေးမြင့့်် လာပြီး တစ်ပိဿာကို ၃၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၅ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင ် ပဲပုပ်ကိုလည်း တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များ က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၉၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။