Main menu

Background

မန ္တလေးကုန်စည်ဒိုင်(၂၂-၁၁-၂၀၁၀)

Wed, 11/24/2010 - 11:11 -- Anonymous (not verified)

မန ္တလေး ပဲတီစိမ်းဈေးငြိမ်ပြီး ကုလားပဲဖြူလုံးကြီးအရောင်းအဝယ်ဖြစ်မှုနည်း                   ဒီတစ်ပတ်တွင် မန္တလေးမှာ ကထိန်ပွဲတော်ကြီးကြောင့် ဈေးကွက်သို့ ပဲအရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများလာ ရောက်မှုက အစောပိုင်းရက်တွေမှာပုံမှန်ရှိပေမယ့် ၁၈-၁၁-၂ဝ၁ဝ နေ့မှာတော့ ပဲအရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်တင်ပို့မဲ့ ကုန်သည်များက အဝယ်အေးသလို ရန်ကုန် ဝယ်လက်ကလည်း ဝယ်အားနည်းသွားတာကြောင့် တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅ဝဝ ခန့် အရောင်း အဝြယ်ဖစ်ခဲ့ပြီး ယခင်အပတ်နဲ့စာရင်  ဈေးအ ပြောင်းအလဲ  မရှိဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ကုလားပဲဖြူ လုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၃၄၅ ကျပ် (တစ်တန်ကို ၈၂၃၆၆၄ ကျပ်) နဲ့ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များက ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းနည်းခဲ့တယ်လို့သိရပါတယ်။