Main menu

Background

ပြည်ကုန်စည်ဒိုင်(၂၂-၁၁-၂၀၁၀)

Wed, 11/24/2010 - 11:21 -- Anonymous (not verified)

ပြည်မှာ ပဲတီစိမ်းဈေးမြင့်ပြီး မတ်ပဲဈေးကျ          ပဲတီစိမ်းကို ငွေပြန်ပေါ်လိုသော ကုန်သည်အချို့က ပြန်လည် ထုတ်ရောင်းမှုတွေရှိသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်(တစ်တန်ကို ၉၁၈၅၈၅ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်မရှိတဲ့အပြင် ဝယ်အားပါနောက်ဆုတ်သွားတာကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျလာပြီး တစ်ပိဿာကို ၁၂၇၅ ကျပ်(တစ်တန်ကို ၇၈ဝ၇၉၇ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။