အောင်ပန်းမှာ အာလူးနဲ့ ဂေါ် ဖီ ပုံမှန်အရောင်းအဝယ်ဖြစ် ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း တစ်ပိဿာကို ၆၃ဝကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၃၅ဝဝဝခန့်အဝယ်ရှိခဲ့ပြီး ယခင်အပတ် နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဂေါ်ဖီထုပ်ကို ရန်ကုန် ဝယ်လက်နဲ့ နယ်ဝယ်လက်အစုံက တစ်ပိဿာကို ၁ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၇ဝဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှု လျော့နည်းသွားတယ် လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Background