Main menu

Background

မြင်းခြဲကုန်စည်ဒိုင်(၂၂-၁၁-၂၀၁၀)

Thu, 11/25/2010 - 04:15 -- Anonymous (not verified)

မြင်းခြံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်           ပဲတီစိမ်းလုံးကြီးကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၃ဝဝ ကြားဝယ်အားပုံမှန်ရှိပင်မယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ် နေတယ်လို့သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ကဈေးချအဝယ်ရှိသလို လှောင်လက်ကုန်သည်အချို့ကလည်း ငွေပြန်ပေါ်လိုတာကြောင့် အိတ်အနည်းငယ်ခန့် အရောင်းရှိခဲ့တယ်လို့ မြို့ခံကုန်သည် များကဆိုပါတယ်။