ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးဈေးကျပြီး ပဲတီစိမ်းသေးဈေးမြင့် မြို့ခံပဲခွဲစက်လုပ်ငန်းရှင်များက ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁၂၈၇ ကျပ်(တစ်တန်ကို ၇၈၈၁၄၅ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းနည်းခဲ့တယ်လို့ပဲကုန် သည်တစ်ဦးကဆိုပါတယ်။ ပဲတီစိမ်းသေးကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတဲ့အပြင် ဝယ်အားပါများလာတာကြောင့် ယခင် အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၄၂ ကျပ်( တစ်တန် ကို ၈၂၁၈၂၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့သိရပါတယ်။
Background