Main menu

Background

ဟင်္သာတ ကုန်စည်ဒိုင်(၂၂-၁၁-၂၀၁၀)

Thu, 11/25/2010 - 07:18 -- Anonymous (not verified)

ဟင်္သာတမှာ ရန်ကုန်ဝယ်လက်ဈေးချအဝယ်ရှိလို့ မတ်ပဲဈေးကျလာ         ဒီတစ်ပတ်မှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) ရောင်း ဈေးကျလာတအဲ့ ပေါ် ဟင်္သာတ ဈေးကွက်ရှိ မတ်ပဲ (ကုန်ကြမ်း) ကိုအဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က လက်ရှိပေါက်ဈေးထက် ဈေးလျော့ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် မတ်ပဲ ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မတ်ပဲရောင်းဝယ်နေတဲ့ကုန်သည်များက ဆိုပါတယ်။