Main menu

Background

လောင်စာသစ်တွေ မဖွံ့ ဖြးမီ နှစ် ၁ဝဝ အတွင်း ရေနံစိမ်း ကုန်ခမ်းနိုင်

Thu, 11/25/2010 - 08:09 -- Anonymous (not verified)

 လောင်စာသစ်တွေ မဖွံ့ ဖြးမီ နှစ် ၁ဝဝ အတွင်း ရေနံစိမ်း ကုန်ခမ်းနိုင်            ရေနံသုံးစွဲမှုနဲ့လောင်စာဆီသစ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ယခုနှုန်းထားအတိုင်းသာ ဆောင်ရွက်နေမယ်ဆိုရင် အစားထိုးလောင်စာစွမ်းအင်အရင်းအမြစ်တွေကို အစားမထိုးနိုင်မီ နှစ် ၁ဝဝ ဝန်းကျင်အတွင်း ကမ္ဘာကြီးမှာ ရေနံ ကုန်ခမ်းသွား နိုင်ပါတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနအဖွဲ့က သတိပေးထားပါတယ်။ သုတေသန အဖွဲ့က လက်ရှိဖြစ်ပေါ်နေတဲ့ ရေနံ ကုမ္ပဏီတွေနဲ့ အစားထိုးစွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကို မူတည် တွက်ချက်ပြီး ရေနံလောင်စာကုန်ဆုံးချိန်မှာ ဖြစ်လာမဲ့ ကွက်လပ်ကို အစားထိုးလောင်စာနဲ့ အစား ထိုးနိုင်မဲ့အချိန်ကို တွက်ချက် ခန့်မှန်းတာ ဖြစ်ပါ တယ်။             အကယ်၍ ကမ္ဘာ့ရေနံအရန် အင်အားကို ၂ဝဝ၈ ခုနှစ်က ခန့်မှန်းခဲ့တဲ့အတိုင်း စည် ၁ ဒသမ ၃၃၂ ထရီလီယ၊ံ ရေနံတစ်ရက် သုံးစွဲနှုန်းကို စည် ၈၅ ဒသမ ၂၂ သန်းနဲ့ တစ်နှစ်သုံးစွဲမှု တိုးနှုန်းကို ၁ ဒသမ ၃ ရာခိုင်နှုန်း အတိုင်းထားပြီး တွက်ချက် မယ်ဆိုပါက ၂ဝ၄၁ ခုနှစ်မှာ ရေနံ ကုန်ခမ်းသွား မယ်လို့ သဘာဝ ပတ်ဝန်းကျင် သိပ္ပံနဲ့ နည်းပညာ အဖွဲ့က လွန်ခဲ့တဲ့လက အွန်လိုင်း စာစောင်မှာ ခန့်မှန်း ဖော်ပြထားပါတယ်။              ရေနံနေရာအစားထိုးပြီး အားကိုးအားထား ပြုနိုင်လောက်တဲ့ အစားထိုးလောင်စာကို လာမဲ့ ရာစုနှစ်အလယ်ပိုင်းလောက်ထိ မရနိုင်သေးဘူးလို့ သုတေသီတို့ကဆိုပါတယ်။ အမေရိကန်ပြည် ထောင်စု၊ ဥရောပနဲ့ သြစတြေးလျ စတော့ဒိုင် တွေ မှာရှိတဲ့ ရေနံကုမ္ပဏီ ၂၅ ခုရဲ့ ရှယ်ယာတွေနဲ့ အစားထိုးစွမ်းအင်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ၄၄ ခု ကို လေ့လာဆန်းစစ်ခဲ့ပါတယ်။                      လေ့လာဆန်းစစ်ချက်အရ ရေနံဟာ အနာဂတ်ကာလအထိ အခြေအနေ ကောင်းမွန်နေပြီး အစားထိုးစွမ်းအင်ထက် ဈေးကွက်ရှယ်ယာ ကိုပိုရ ထားတယ်လို့ ယုံကြည်နေတာကို တွေ့ရမှာ ဖြစ်ပါ တယ်။Source:AFP