Main menu

Background

စင်ကာပူရဲ့တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အလယ်အလတ်တန်းစား အလုပ်သမားတို့ ထိခိုက်

Thu, 11/25/2010 - 08:15 -- Anonymous (not verified)

 စင်ကာပူရဲ့တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အလယ်အလတ်တန်းစား အလုပ်သမားတို့ ထိခိုက်      မကြာသေးမီလများအတွင်းက စင်ကာပူမှာ ပိုမိုတင်းကျပ်တဲ့ လူအင်အားဆိုင်ရာ စည်းမျဉ်းတွေ ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုပြဌာန်းတဲ့အတွက် စင်ကာပူ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံခြားဝန်ထမ်း အထူးသဖြင့် အလယ်အလတ်အဆင့် ကျွမ်းကျင်ဝန်ထမ်းတွေရရှိဖို့ အခက်အခဲတွေနဲ့ တစစတိုးပွား ရင်ဆိုင်နေရပါတယ်။ ပြဌာန်းလိုက်တဲ့အစီအမံတွေထဲမှာS-Pass လျှောက်ထားမှုအတွက် စံနှုန်းတွေ ပိုမိုတင်းကျပ်လာတာနဲ့S-Pass သို့မဟုတ် Work Permit တွေအတွက်အခွန်အခတွေ တိုးမြင့် လာတာလည်း ပါဝင်ပါတယ်။               စင်ကာပူရှိ နိုင်ငံခြားလုပ်သားတွေကို အလုပ်လုပ်ခွင့်အဆင့်အလိုက် အမျိုးမျိုးခွဲခြားထားပါတယ်။ အနည်းဆုံး စင်ကာပူဒေါ်လာ ၁၈ဝဝ ရရှိသူတွေကို S- Pass အဖြစ် သတ်မှတ်ပါတယ်။ ဒီဝင်ငွေ အောက်လျော့သူတွေကိုတော့ Work Permit  တွေပေးပါတယ်။ နိုင်ငံခြားလုပ်သားတွေအလုံးအရင်းနဲ့ဝင်ရောက်လာလို့ သူတို့အလုပ်အကိုင်တွေ ဆုံးရှုံးလာမှာကို စင်ကာပူသားတို့ စိုးရိမ်မှုတွေကြီးထွားလာတာကို အခြေခံပြီး ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေပြဌာန်း လာတာဖြစ်ပါတယ်။             လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ S-Pass နဲ့ အလုပ်လုပ်ကိုင်မဲ့သူတွေကို ရှာဖွေရာ အခက်အခဲ တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ စထရိတ်တိုင်းသတင်းစာကမေးမြန်းခဲ့တဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီ ၂ဝ ကပြောပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီလိုပြဿနာမျိုးမကြုံဘူးခဲ့ဘူးလို့ စားသောက်ကုန်နဲ့ အဖျော်ယမကာ၊ သတင်းအချက်အလက်နည်းပညာတို့ လုပ်ငန်းတွေက ပြောပါတယ်။တစ်လကို ဝင်ငွေ စင်ကာပူဒေါ်လာ ၂၅ဝဝ နဲ့အထက်ရတဲ့ နိုင်ငံခြားသားတွေကို ငှားယူတဲ့ ကုမ္ပဏီတွေကတော့ ဒီပြဿနာမျိုး မကြုံရဘူးလို့ပြောပါတယ်။ဒီအလုပ်လုပ်ခွင့်က Employment Pas  ဖြစ်ပြီး အမြင့်ဆုံး အလုပ်လုပ်ခွင့်ဖြစ်ပါတယ်။             ကုမ္ပဏီတွေက အရည်အသွေးမြင့်တဲ့ နိုင်င့ခြားသားလုပ်သားတွေ ခေါ်ယူလာအောင် ဆောင် ရွက်တဲ့အနေနဲ့ စင်ကာပူလူအင်အားဝန်ကြီးဌာနက S-Pass လျှောက်ထားတဲ့အတွက် စံနှုန်း တွေကို ပိုမိုတိုးမြှင့်ပြီးဝန်ကြီးဌာနက မတ်လကကြေညာခဲ့ပါတယ်။ အသစ်ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက် နိုင်ဖို့အတွက် ကုမ္ပဏီတွေကို အချိန်တစ်နှစ်ပေးထားပါတယ်။ S-Pass အတွက် အခွန်ကိုလည်း တစ်လကို စင်ကာပူဒေါ်လာ ၅ဝ ကနေ စင်ကာပူ ဒေါ်လာ ၁၂ဝ ထိတိုးမြှင့်တဲ့အမိန့်ကို ဇူလိုင်လ အတွင်းက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။၂ဝ၁၂ ခုနှစ်မှာ စင်ကာပူ ဒေါ်လာ ၂၅ဝ ထိ တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။                  ပြဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ဖို့အတွက် တချိုု့ကုမ္ပဏီတွေက စင်ကာပူသားတွေကို ခန့် ထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ စင်ကာပူသားတွေက လခကိုပိုမိုတောင်းခံတဲ့အတွက် ကုန်ကျစရိတ် ပိုများလာပါတယ်။ ဒီရာထူးနေရာက ပြည်တွင်းလုပ်သားတွေနဲ့ အစားထိုးဖို့ခက်တယ်လို့ တချို့ ကုမ္ပဏီတွေက ပြောပါတယ်။ Source : The Strait Times