Main menu

Background

အာရှပစိဖိတ်ကုန်သွယ်မှု စာချုပ်အတွက် အေပက်ကခိုင်ခိုင်မာမာခြေလှမ်း

Thu, 11/25/2010 - 08:21 -- Anonymous (not verified)

 အာရှပစိဖိတ်ကုန်သွယ်မှု စာချုပ်အတွက် အေပက်ကခိုင်ခိုင်မာမာခြေလှမ်း         ပစိဖိတ်ဒေသကို ဖြတ်ကျော်ပြီး ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုဖို့ အိပ်မက်ကို လက် တွေ့အကောင်အထည်ဖေါ်နိုင်ဖို့အတွက် တရုတ်နဲ့ အမေရိကန်အပါအဝင် အေပက်အဖွဲ့ဝင် နိုင်ငံ တွေက နိုဝင်ဘာ ၁၄ ရက်က ကတိပြုခဲ့ကြပါ တယ်။               ကမ္ဘာကြီးက စီးပွားရေးကျဆင်းနေရာကပြန် နာလန်ထူလာပြီ ဖြစ်တဲ့အတွက် ကိုယ်ကိုျးစီးပွား ကာကွယ်တဲ့ အင်အားစုတွေ ဆန်ကျင့်တွန်းလှန်ဖို့ ပစိဖိတ်ဒေသကို စီးပွားရေးတိုးတက်မှုအတွက် အဓိကအင်ဂျင်အဖြစ် ဆက်လက်ထိန်းထား နိုင်ဖို့ အေပက်ခေါင်းဆောင်တွေက ကတိပြုခဲ့ပါတယ်။ ငွေကြေးတွေ အပြိုင်အဆိုင် တန်ဖိုးချနေတာကို ရှောင်ရှားဖို့ ကတိပြုခဲ့ကြသလို ချိန်ခွင်လျှာညီမျှပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုကို ရရှိအောင် ထူ ထောင်ဖို့လိုကြောင်းကိုလည်း အလေးပေးပြော ကြားပါတယ်။ ကမ္ဘာ့ စီးပွားရေးရဲ့ ထက်ဝက်ကျော် ကိုထုတ်လုပ်ပေးနေတဲ့ အေပက်အဖွဲ့က ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နံှမှုမှာ အတားအဆီးချမှတ် တာကို ၂ဝ၁၃ ခုနှစ်ထိ ပိတ်ပင်ထားဖို့လည်း သဘော တူညီခဲ့ကြပါတယ်။                 အဖွဲ့ဝင် ၂၁ နိုင်ငံတို့ရဲ့ မဟာစီမံကိန်း (Grand Plan ) အရ အာရှပစိဖိတ်ဒေသ လွတ် လပ်စွာကုန်သွယ်မှုဧရိယာ (FTAAP) ကို ထူထောင်ဖို့ဖြစ်ပြီး ဒီအစီအစဉ်အရ တရုတ်ကနေ ချီလီနဲ့ အမေရိကန်ပြည်ထောင်စုတလွှား ရှိ စီးပွားရေးတွေကို ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုချိန်ထိတော့ တိကျတဲ့သတ်မှတ်ချက် မရှိသေးဘဲ ရေရှည်ရည်မှန်းချက် အဖြစ်သာ ထားရှိပါတယ်။ ှSource :AFP