ရော်ဘာဈေး ၁ တန် ယွမ် ၃ဝဝဝဝ ကျော်ထိ ရောက်ရှိမည် ရှန်ဟိုင်းရဲ့ရော်ဘာဈေးနှုန်း အလားအလာကတော့ တစ်တန်ကို ယွမ် ၃ဝဝဝဝ (၄၅၄၅ ဒေါ်လာ) အထိရောက်ရှိ နိုင်ကြောင်း တရုတ်နေ့စဉ်သတင်းစာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ တာယာထုတ်လုပ်မှု ကုန်ကျစရိတ် အားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းက ရော်ဘာဝယ်ယူစရိတ်ဖြစ်နေပါတယ်။ ယူနန်မှာ မိုးခေါင်မှုနဲ့ ဟိုင်နန်မှာမိုးကြီးတာကြောင့် တရုတ်ရဲ့ အဓိကရော်ဘာစိုက်ပျိုးတဲ့ ဒေသနှစ်ခုကိုထိခိုက်ခဲ့ပြီး ပြည်တွင်းရော်ဘာ ထုတ်လုပ်မှုလျော့ကျကာ တရုတ်ရဲ့ ဝယ်လိုအားက တဖြည်းဖြည်းမြင့်တက်လာကြောင်း အမည် မဖော်လိုတဲ့ သုတေသီတစ်ဦးကပြောကြားပါတယ်။ မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ ရောင်းချမှုပမာဏက ၃၆ ဒသမ ၁ဝ ရာခိုင်နှုန်းနဲ့ ၃၅ ဒသမ ၉၇ ရာခိုင်နှုန်းကို တိုးတက်လာပြီး ၂ဝ၁ဝ ရဲ့ ပထမ ၃ လပတ်မှာ အစီးရေ ၁၃ ဒသမ ၈ သန်းထုတ်လုပ်ပြီး ၁၃ ဒသမ ၁၄ သန်းရောင်းချခဲ့ကြောင်း တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေး အသင်းရဲ့ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် စက်မှုနဲ့သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ရော်ဘာဈေးနှုန်း တစ်ရှိန်ထိုး တက်လာတာကြောင့် တာယာထုတ်လုပ်ရေး မူဝါဒအသစ်ကို ကြေညာခဲ့ပါတယ်။ ှSource: capital vae ,KZW
Background