Main menu

Background

ဗီယက်နမ်ရော်ဘာ တင်ပို့မှု အခြေအနေကောင်း

Thu, 11/25/2010 - 09:16 -- Anonymous (not verified)

 ဗီယက်နမ်ရော်ဘာ တင်ပို့မှု အခြေအနေကောင်း          ဗီယက်နမ်နိုင်ငံရဲ့ ရော်ဘာတင်ပို့မှုဟာ ယခုနှစ်မှာ ၂ဝဝ၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၉၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး အခြေအနေကောင်းတဲ့ အနေအထားမှာရှိကြောင်း သိရပါတယ်။ တရုတ်က သွင်းကုန် တင်သွင်းဖို့အတွက် ရောင်းလိုအားတွေကို ဈေးကွက်တွင်းမှာရှာဖွေနေသလို တစ်ချိန် တည်းမှာပဲ မလေးရှား၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)နဲ့ အိန္ဒိယတို့နဲ့လည်း ရော်ဘာတင်သွင်းမှုအတွက် ဈေးကွက်များရှာဖွေနေပါတယ်။ ရော်ဘာ ထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ဗီယက်နမ်တို့ရဲ့ အထွက်နှုန်းကလည်း ရာသီဥတု မကောင်းတာကြောင့် ကျဆင်းနေပြီး ရော်ဘာဈေးနှုန်းကလည်း အဆက်မပြတ် တက်နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ဟာ ဗီယက်နမ်နိုင်ငံရဲ့ ရော်ဘာအများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပြီး တရုတ် နိုင်ငံဈေးကွက်ဝေစု ၆ဝ ရာခိုင်နှုန်းလောက် နေရာယူထားပါတယ်။ တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပို့ကုန်မူဝါဒတွေက ရော်ဘာရောင်းချခြင်းကို ကန့်သတ်ထား ကြောင်း သိရပါတယ်။ ဇူလိုင်လမှာ ဗီယက်နမ်ရဲ့ ရော်ဘာပို့ကုန်တန်ချိန် (၈၅ဝဝဝ) ရှိပြီး တန်ဖိုး ဒေါ်လာ (၂၃၇) သန်းရှိကာ ပမာဏ ၄၆ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၄၄ ဒသမ ၅ ရာခိုင်နှုန်းဇွန်လကထက် ပိုမိုခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ပထမ (၇) လမှာ ရော်ဘာ ပို့ကုန်တန်ချိန် (၃၂၄ဝဝဝ) တန်ရှိပြီး တန်ဖိုးဒေါ်လာ (၈၉၃) သန်းရှိကြောင်း စက်မှုနဲ့စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။ ယခင်နှစ်အလားတူကာလထက် အရေအတွက်က ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးခဲ့ပေမဲ့ တန်ဖိုးအနေနဲ့ ၈၅ ရာခိုင်နှုန်းတိုးခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာ ရော်ဘာကုန်ကြမ်းတွေ တင်ပို့တာကို အဓိကထား ဆောင်ရွက်မယ်လို့ ဗီယက်နမ်ရော်ဘာအသင်းကလျာထားပါတယ်။ ဗီယက်နမ်ကနေ တရုတ်ကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် တင်ပို့မှုက စုစုပေါင်းရော်ဘာပို့ကုန်ရဲ့၈ဝ ရာခိုင်နှုန်း ရှိပေမယ့် တရုတ်နိုင်ငံရဲ့နယ်စပ်ကုန်သွယ်ရေး မူဝါဒတွေက အဟန့်အတားဖြစ်စေကြောင်း ဗီယက်နမ်ရော်ဘာ အသင်းရဲ့ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့နယ်စပ်ကုန်သွယ်ရေး မူဝါဒများက မခန့်မှန်းနိုင်တဲ့ အပြောင်းအလဲများရှိတာကြောင့် ဗီယက်နမ်ရော်ဘာအသင်းက စီးပွားရေးလုပ်ငန်းများကိုကုန်ပစ္စည်း အရည် အသွေးမြှင့်တင်ရန်နဲ့ တရုတ်ကိုတင်ပို့တဲ့ရော်ဘာခွဲတမ်းများ တိုးမြှင့်နိုင်ရန် အကြံပေးခဲ့ပြီးတရုတ်ကဲ့သို့ ဥရောပ၊ အမေရိက၊ အခြားအာရှနိုင်ငံများသို့ ဈေးကွက်ခဲျ့ထွင်တင်ပို့နိုင်ဖို့ တွန်းအားပေးခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်ထံက ရော်ဘာ ဝယ်ယူလိုတဲ့ နိုင်ငံများကတော့ မလေးရှား၊ တရုတ်(တိုင်ပေ) ကိုရီးယား၊ ဂျာမနီ၊ အမေရိကန်၊ ရုရှားနဲ့ အိန္ဒိယတို့ပဲဖြစ်ပါတယ်။ တဖက်ကလည်း ဗီယက်နမ်ရော်ဘာအသင်းက တရုတ်မှာရှိတဲ့ ဗီယက်နမ် ကုန်သွယ်ရေးရုံးကို တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး မူဝါဒများကို စီးပွားရေးလုပ်ငန်းများက အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ အတွက် နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ Source : bussiness news ,KZW