မန်းဈေးကွက်ကို ဒေသစုံမှပြောင်းများဝင်
မန်းဈေးကွက်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မြစ်ကြီးနားတို့မှ ပြောင်းဖူးစေ့များ ဝင်ရောက်လျက်ရှိပါတယ်။ အောက်တိုဘာ ပထမပတ်တွင် ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၂၈၇ ကျပ်၊ ဗမာ တစ်ပိဿာ ၂၅၉ ကျပ်၊ ဒုတိယပတ်အတွင်း ပြောင်းဖူးစေ့ (ရှမ်း)တစ်ပိဿာ ၂၉၂ ကျပ်၊ ဗမာ တစ်ပိဿာ ၂၆၈ ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး တတိယပတ်မှာ မိုးရွာသွန်းမှုများ ခဲ့လို့ ဈေးကွက်အတွင်းပြောင်းဖူးစေ့များ စီးဝင်မှုနည်းခဲ့တဲ့အတွက် ပစ္စည်းစီးဝင်မှု ပေါ်မူတည်ပြီး ဈေးနှုန်းနိမ့်မြင့်နဲ့ ရောင်းဝယ်ခဲ့ကြကြောင်းသိရပါတယ်။ ယခင် စက်တင်ဘာလ တတိယပတ်အတွင်း ပြောင်းဖူးစေ့ ရှမ်း တစ်ပိဿာ ၃၁၅ ကျပ်၊ ဗမာက ၂၉၆ ကျပ်၊ အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအောက်တိုဘာ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း ပြောင်းရှမ်း တစ်ပိဿာ ၂၈၇ ကျပ်၊ ဗမာ တစ်ပိဿာ ၂၅၉ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း သိရပါတယ်။ ဒေသတွင်း စက်သမားများ နဲ့ တိရစ္ဆာန် အစာစပ်သမားများကတော့ ပုံမှန်ဝယ်ယူလျက်ရှိပေမဲ့ တရုတ်ဝယ်လိုအားနည်းတဲ့အတွက် ယခင်အပတ်ကထက် အရောင်းအေး ဈေးအေး နေကြောင်း သိရပါတယ်။ ဝါဝါခင်
