ရေချိုပုစွန် ၁ ဧကလျှင် ပိသာ ၃ဝဝခန့် ထွက်ရှိပြီ ရေချိုပုစွန်မွေးမြူမှုက ၁ ဧကလျှင် ပိသာ ၃ဝဝခန့် ထွက်ရှိလာပြီဖြစ်ကြောင်း ဇာတိမာန် ပုစွန်မွေးမြူရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြော ကြားခဲ့သည်။ ''၁၉၉၁-၉၂ ခုနှစ်လောက် ပုစွန် စမွေးတုန်းကတော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ မျိုးပုစွန်ရဖို့ မြုံး ထောင်တဲ့သူတွေဆီက၊ ငါးလုပ်ငန်း ဦးစီးဌာနက ဝယ်ယူခဲ့ရတာ တွေရှိခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်ပုစွန် သား ပေါက်တွေပါ ထုတ်လုပ်ပေးနိုင်ပါပြီ။ အရင်က ပုစွန်အစာကျွေးရင် အချပ် လိုက်ကျွေးတယ်။ အဲဒီတုန်းကတော့ ပိသာ ၆ဝ လောက်ထွက်ပါတယ်။ အဲဒီ လိုကျွေးတာထက် တန်းချကျွေးခြင်းဖြင့် အစာ အလေအလွင့်နည်းပြီး ကုန်ထွက် တက်လာတာကို တွေ့ရပါတယ်။ ငါးနဲ့ ပုစွန်ရောမွေးရင်တောင် ပုစွန်ကုန်ထွက် က ပိသာ ၁၅ဝ ခန့်ထွက် ရှိပါတယ်'' ဟု ဇာတိမာန်ပုစွန်မွေးမြူရေးလုပ်ငန်းက ဦးမြင့်စိုးက ပြောပြသည်။ ကမ္ဘာ့ ရေချိုပုစွန် ထုတ်လုပ်မှု စံနှုန်းများအရ ၁ ဧကလျှင် တစ်တန် (ပိသာ ၆ဝဝ ခန့်) ထွက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ရေချိုပုစွန်မွေးမြူမှုမှာ ၁ ဧကပေါ်တွင် ပုစွန်ထည့်သွင်း မွေးမြူ သည့် ကောင်ရေပေါ်တွင်မူတည်၍ ကွာခြားချက် ရှိနိုင်ကြောင်း သိရသည်။ ခင်မျိုးသွယ်
Background