Main menu

Background

ဝယ်လိုအားအသစ် ထွက်လာလို့ အာရှဆန်ဈေးနှုန်း ပိုမိုခိုင်မာ

Mon, 11/29/2010 - 04:04 -- Anonymous (not verified)

ဝယ်လိုအားအသစ် ထွက်လာလို့ အာရှဆန်ဈေးနှုန်း ပိုမိုခိုင်မာ        ဗီယက်နမ်နိုင်ငံက ဆန်တင်ပို့မှုရှိနေလို့ ဆန်ဈေးမြင့်တက်နေသလို အီရန်လို အဓိကကျတဲ့ ဝယ်လိုအား အသစ်တွေ ရှိလာလို့ ထိုင်းဆန်ဈေးဟာလည်း ယခင်တစ်ပတ်ထက် ၂ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆန်ဈေးမြင့်နေပေမဲ့ လာမယ့် သီတင်းပတ်များမှာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်က လယ်သမားများက ရိတ်သိမ်းမှု စတင်တော့မှာ ဖြစ်လို့ ဆန်ဈေးခိုင်မာမှုက ကြာရှည်နိုင်ဖွယ်မရှိဘူးလို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။       အခြေခံစံနှုန်းဖြစ်တဲ့ ထိုင်း ၁ဝဝ မှတ်အဆင့် B ဆန်ဈေးဟာ လွန်ခဲ့တဲ့ သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၅၂ဝ ရှိရာမှ ကန်ဒေါ်လာ ၅၃ဝ ကို မြင့်တက်ခဲ့သလို ဗီယက်နမ် ၅ မှတ်ဆန်ဈေးကလည်း ကန်ဒေါ်လာ ၄၉ဝ-၄၉၅ မှ ကန် ဒေါ်လာ ၅ဝဝ-၅ဝ၅ ကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                              လမင်း၊ှSources: oryza. com