ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဖြူ ၂၅ ရာခိုင်နှုန်း အမျိုးအစားဆန်ကို ဝယ်လိုအားများ နိုဝင်ဘာလ တတိယပတ်တွင် လည်း အာရှဆန်ဈေးနှုန်းများ ဆက်လက် မြင့်မားလာခဲ့ပါတယ်။ ထိုင်းဆန် ဈေးနှုန်းများမှာ ယခင်အပတ်ကထက် တစ်တန်ကို ၅ ဒေါ်လာမှ ၁ဝ ဒေါ်လာ အကြား ဈေးမြင့်လာသလို ဗီယက်နမ် ဆန်မှာ ယခင်အပတ်က ထက် ၅ ဒေါ်လာ ဈေးမြင့်လာခဲ့ပါတယ်။ ပါကစ္စတန် ဆန်ဖြူ ၂၅ ရာခိုင်နှုန်းမှာ ယခင်အပတ်ထက် ၄ဝ ဒေါ်လာ ဈေးကျသွားကာ တစ်တန်ကို ၄၁၅ ဒေါ်လာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဖြူ ၂၅ ရာခိုင်နှုန်း ဆန်ကို ဝယ်လိုအားများ လာကာ ပျမ်းမျှတစ်တန်ကို ၃၈၉ ဒေါ်လာမှ ၄၂၅ ဒေါ်လာအထိ ဈေးမြင့်မားလာခဲ့ကြောင်း၊ ထိုင်း၊ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံများရဲ့ ဆန်ဖြူ ၂၅ ရာခိုင်နှုန်းရဲ့ လက်ရှိပေါက်ဈေးများမှာ တစ်တန်ကို ၄၈ဝ ဒေါ်လာ၊ ၄၆ဝ ဒေါ်လာနဲ့ ၄၁၅ ဒေါ်လာစီ အသီးသီး ဖြစ်ကြောင်း၊ ထိုင်းနဲ့ ပါကစ္စတန် ဆန် မွှေးကိုလည်း ကမ္ဘာ့ဝယ်လိုအား များလာပြီး ဈေးနှုန်းမှာ တစ်တန်ကို ၈ဝဝ- ၉၅ဝ ဒေါ်လာအထိ ရရှိလာကြောင်း သိရပါတယ်။ ှSource:riceonline.com, economictimes.indiatimes.com, ပပ
Background
