Main menu

Background

မန္တလေးတိုင်းဒေသကြီး မိုးစပါးများ စတင်ထွက်ပေါ်လာပြီ

Mon, 11/29/2010 - 04:30 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး မိုးစပါးများ စတင်ထွက်ပေါ်လာပြီ               မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြင်ဦးလွင်ခရိုင်၊ ကျေက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နဲ့ နေပြည်တော်ခရိုင် တို့တွင် မိုးစပါးများ စတင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ မနောသုခစပါးတင်း ၁ဝဝ ကို ပြင်ဦးလွင်ခရိုင်နဲ့ ကျောက်ဆည်ခရိုင်တို့တွင် ၄၁ဝဝဝဝ ကျပ်၊ မိတ္ထီလာခရိုင်မှာ ၃၈ဝဝဝဝ ကျပ်နဲ့ နေပြည်တော်ခရိုင်မှာ ၃၇ဝဝဝဝ ကျပ်၊ ရွှေသွယ်ရင်စပါးတင်း ၁ဝဝ ကို ပြင်ဦးလွင်ခရိုင်တွင် ၃၂ဝဝဝဝ ကျပ်နဲ့ နေပြည်တော်ခရိုင်တွင် ၃၄ဝဝဝဝ ကျပ်ဈေးနှုန်းမြင့် ဈေးဖွင့်ရောင်းဝယ်လျက်ရှိကြသလို မနောသုခ ဆန်တစ်တင်းခွဲ တစ်အိတ်ကို ပြင်ဦးလွင်ခရိုင်မှ ၁၅၅ဝဝ ကျပ်၊ ကျောက်ဆည်ခရိုင်နဲ့ မိတ္ထီလာခရိုင်တို့မှာ ၁၄၅ဝဝ ကျပ်၊ နေပြည်တော်ခရိုင်မှာ ၁၃ဝဝဝ ကျပ် ဈေးဖြစ်ပြီး ရွှေသွယ်ရင်ဆန်ကတော့ ပြင်ဦးလွင်ခရိုင်မှာ ၁၄၅ဝဝ ကျပ်၊ နေပြည်တော်ခရိုင်မှာ ၁၂ဝဝဝ ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။                                                        ခင်ဆန်းဦး