ပြည်ပဲစင်းငုံအရောင်းအဝယ်အနည်းငယ်သာဖြစ် ပြည်ဈေးကွက်တွင် ပဲစင်းငုံမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဝင်ရောက်မှု အနေဖြင့် ပြည်ဈေးကွက်သို့ ယခင်အောက်တိုဘာလက အခြားတိုင်းမှ ပဲစင်းငုံအိတ် ၁၅ဝ အဝင်ရှိခဲ့ပြီး ယခုနိုဝင်ဘာလ စတုတ္ထပတ်အတွင်းမှာတော့ ကျောက်ပန်း တောင်းမြို့နယ်မှ အိတ် ၄ဝဝ အဝင်ရှိကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် ဈေးကွက်အတွင်း ငွေလိုသူ တချို့သာ ထုတ်ရောင်းနေတဲ့အတွက် အရောင်းအဝယ် အနည်းငယ်သာရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
Background
