Main menu

Background

ပဲသစ်စပေါ်ပြီဖြစ်လို့ လက်ကျန်များ ထုတ်ရောင်း

Mon, 11/29/2010 - 05:37 -- Anonymous (not verified)

ပဲသစ်စပေါ်ပြီဖြစ်လို့ လက်ကျန်များ ထုတ်ရောင်း          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလ အတွင်းပဲတီစိမ်း ၉၁ဝ တန်ကျော် နဲ့ ပဲတီစိမ်း လုံးခြမ်း တန် ၃ဝဝ၊ စုစုပေါင်း ကန်ဒေါ်လာ ဝ ဒသမ ၂၃ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်ကထက်ပဲတီစိမ်း တန်၇ဝ ခန့်၊ ပဲတီစိမ်းလုံးခြမ်း ၇၆ တန်ကျော် ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ပေါက်ဈေး ကျပ် ၆ဝဝဝဝ ခန့်ပိုတာတွေ့ရပါတယ်။ တစ်ဖက် နိုင်ငံဝယ်လိုအား ရှိတာတစ်ကြောင်း၊ ပြည်တွင်းဆောင်း ပဲတီစိမ်းအသစ် ထွက်တာကတစ်ကြောင်း လက်ကျန်ပဲများ ထုတ်ယူ ရောင်းချခဲ့ခြင်းကြောင့် ပိုမိုတင်ပို့လျက်ရှိတယ်လို့ မူဆယ် လယ်ယာထွက်ကုန် ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် နှစ်နိုင်ငံ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                                    မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု            ယခင်       ပြောင်းလဲမှု      ရာခိုင်နှုန်း       ယခု      ယခင်     ပြောင်းလဲမှု    ရာခိုင်နှုန်းပဲတီစိမ်း        ၁ဝ၉ဝ၁ဝ၂   ၁ဝ၃ဝ၅၆၉      ၅၉၅၃၃             ၅ .၅        ၁၂၄၇       ၁၂၄၇                              -MIRT (DOBT)