Main menu

Background

ဈေးအမြင့်နဲ့ ဆက်လက်အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲတီစိမ်း

Mon, 11/29/2010 - 05:48 -- Anonymous (not verified)

ဈေးအမြင့်နဲ့ ဆက်လက်အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲတီစိမ်း          ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းများ နယ်စုံမှ ဝင်ရောက်လျက်ရှိပြီး တစ်ရက်ကို အိတ် ၄ဝဝ မှ ၅ဝဝအထိ အဝင်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်းကို ၃ဝဝဝဝ ကျပ်ဖြစ်ခဲ့ရာမှ ၂၈၅ဝဝ ကျပ်ထိ ဈေးပြန်ကျခဲ့ပြီး ယခု နိုဝင်ဘာလနောက်ဆုံးပတ်တွင် တစ်တင်း ၃ဝဝဝဝ ကျပ်၊ ဈေးပြန်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ထိ ရန်ကုန်သို့ ပဲတီစိမ်းတင်ပို့မှုရှိခဲ့သော်လည်းယခုတစ်ပတ်မှာတော့ ဒေသတွင်း၌သာ အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။    ခင်ဆွေဝင်း