Main menu

Background

ဈေးဖွင့်လာတဲ့ မုံရွာပဲတီစိမ်းသေးနဲ့ တည်ငြိမ်နေတဲ့ ပဲတီစိမ်းကြီး

Mon, 11/29/2010 - 05:51 -- Anonymous (not verified)

ဈေးဖွင့်လာတဲ့ မုံရွာပဲတီစိမ်းသေးနဲ့ တည်ငြိမ်နေတဲ့ ပဲတီစိမ်းကြီး        မုံရွာကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာလ တတိယပတ် ပဲတီစိမ်းဈေးကွက်မှာ ပဲတီစိမ်းသေးဝင်ရောက်လာခဲ့သလို တစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်အတွင်း ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ကြိုက် ပဲတီစိမ်းကြီး ဈေးအနေနဲ့ ယခုတစ်ပတ်အတွင်း အောက်စတစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ထိပ်စ တစ်တင်း ၂၆၅ဝဝ ကျပ်မှာ ဈေးဆက်လက် ငြိမ်နေပြီး အသေးကတော့ ရန်ကုန်လက်အဝယ်ရှိနိုင်လို့ ဒေသခံကုန်သည်တွေ နယ်အဝင်ကို ဝယ်ထိန်းလျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုရက်ပတ်အတွင်း ပစ္စည်းအဝင်ပုံမှန်ရှိခဲ့ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ရက်ပျမ်းမျှအိတ် ၃ဝဝ မှ ၅ဝဝ ကြားရှိခဲ့တယ်လို့ သိရပါတယ်။ ဒီရက်ပတ်မှာ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၅ဝဝ ခန့် တင်ပို့စီးဆင်းခဲ့တယ်လို့ သိရပါတယ်။                                                                           ထွန်းလှိုင်