Main menu

Background

ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Mon, 11/29/2010 - 05:54 -- Anonymous (not verified)

ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်             အိန္ဒိယနိုင်ငံ ရာဂျက်စသန်မှာ ယခင်နှစ်ထက် လက်ကျန်လျော့ကျခြင်းနဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန် အိတ် ၁ဝ သိန်းဝန်းကျင် ကျန်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ လစဉ်ပျမ်းမျှသုံးစွဲမှုက အိတ်ပေါင်း ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်တွေမှာ လက်ထပ်ရာသီအတွက် ဝယ်လိုအားမြင့်တက်လာတာကြောင့် ဒီဇင်ဘာလပို့ရမယ့် ကုလားပဲဈေးဟာ တစ်တန်ကို ရူပီး ၁၉ဝ (ကန်ဒေါ်လာ ၄ ဒသမ ၁၉) မြင့်တက်ပြီး ၂၄၂ဝဝ (ကန်ဒေါ်လာ ၅၃၃) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်လာမယ့် ဖေဖော်ဝါရီလတိုင်အောင် လက်ကျန် လုံလောက်မှုမရှိဘူးလို့ အချို့က ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်မှာ အစိုဓါတ် ကောင်းမွန်နေတာကြောင့် ကုလားပဲ စိုက်ပျိုးမှု တိုးတက်လျက်ရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ထိ ဟက်တာ ၈၇၉ဝဝဝ စိုက်ပျိုးပြီးဖြစ်လို့ ယခင်နှစ်ကာလတူ စိုက် ဟက်တာ ၄ဝ၃ဝဝဝ ထက် ၂ ဆပိုမိုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင်ဒရာ ပရာဒေ့ရှ်မှာတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ထိ စိုက်ပျိုးပြီးစီးမှုဟာ ယခင်နှစ်ထက် ၂ဝ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။ စိုက်ပျိုးပြီးစီးမှုဟာ ဒီဇင်ဘာလ ပထမပတ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်း ၂ ပတ် အတွင်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာနေဦးမယ်ဆိုရင် စိုက်ပျိုးထားတဲ့ ပဲပင်များ အတွက် အန္တရာယ်ရှိနိုင်လို့ အထွက် လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSources: P T I