Main menu

Background

ရွှေထည်ဆိုင်များ အထူးအစီအစဉ်များဖြင့် ရောင်းချလာ

Mon, 11/29/2010 - 07:05 -- Anonymous (not verified)

 ရွှေထည်ဆိုင်များ အထူးအစီအစဉ်များဖြင့် ရောင်းချလာ         လအတန်ကြာ အရောင်းအဝယ် အေးနေသည့် ရွှေထည်ဈေးကွက် အတွင်း အထူးအစီအစဉ်အဖြစ် အရောင်းမြှင့်တင်ရေး ပုံစံအမျိုးမျိုးဖြင့် ရောင်းချလာကြောင်း သိရသည်။          ''ရွှေထည်စ္စည်းရောင်းတဲ့ ဆိုင် တွေအနေနဲ့ အရောင်းအေးအေးနဲ့ သွား နေတာကြာပါပြီ။ အခုချိန်က ပွင့်လင်း ရာသီချိန်လဲဖြစ်တော့ အထူးအစီအစဉ် တွေကို တစ်ဆိုင်တစ်မျိုးနဲ့ အရောင်းမြှင့် တင် ရောင်းချလာတာ တွေ့ရတယ်။ တချို့ဆိုင်တွေဆိုရင် ကျပ် ၅ သိန်းဖိုး ဝယ်ယူရင် ထီးအသေးနဲ့ဓာတ်ဘူး၊ ကျပ် ၅ သိန်းကနေ ၁၅ သိန်းဖိုးအတွင်း ဝယ် ရင် ဖန်စီထီးနဲ့ တီရှပ်၊ ကျပ်သိန်း ၅ဝ ဖိုးအထက်ဝယ်ယူရင် ပန်ကာ၊ ဟော့ပေါ့၊ ပေါင်းအိုးနဲ့ ထမင်းပေါင်းအိုး၊ တချို့လက်ကားရွှေဆိုင်ကြီးတွေကျတော့ ဝယ်ယူမှုအရေအတွက် ၁ဝဝ ပြည့်တိုင်း အလျော့တွက် ၁ဝ ပဲ လျော့ပေးတာမျိုး တွေ၊တချို့ဆိုင်တွေကျတော့ Mamber Card ပေးတာမျိုးတွေနဲ့ ရောင်းချလာ ကြပါတယ်'' ဟု မဟာဗန္ဓုလလမ်းပေါ် ရှိ ရွှေထည်လုပ်ငန်းရှင်တစ်ဦးက ပြော ပြသည်။             နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၆၆၅၄ဝဝ- ၆၆၄၄ဝဝ) ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ ရွှေဈေး မှာ တစ်အောင်စလျှင် ၁၃၇၃ ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်။ ခင်မျိုးသွယ်