ဆောင်းသီးနံှ စိုက်ပျိုးချိန်အမီ ဓာတ်မြေသြဇာအဝင် အားကောင်းနေ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၇၄၆ ဒသမ ၁၁၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၁၈၈၅ ဖိုးကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီရက်သတ္တပတ်အတွင်း မလေးရှား နိုင်ငံဘက်က ဓာတ်မြေသြဇာ ၆ ဒသမ ၁၁၄တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်း ဓာတ်မြေသြဇာ ၁ဝ၈ဝ တန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ယူရီးယား ဓာတ်မြေသြဇာ ၆၆ဝ တန်တို့ကို တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်မြေသြဇာအဝင် ၁ဝ၆၄ ဒသမ ၇ဝ တန်ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ ၆၈၁ ဒသမ ၄၁၄ တန်အဝင်ပိုခဲ့ပါတယ်။ မြေဆီအဝင်တွေက ဆက်တိုက်အဝင်ရှိပြီး ဆောင်းသီးနံှစိုက်ပျိုးချိန်အမှီအသွင်း အင်အားကောင်းလျက်ရှိတာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ် ဓာတ်မြေသြဇာတင်သွင်းမှု လျော့ကျလျက်ရှိ ယခုအပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်၊ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၉၇၈၆ တန်ကျော် ကန်ဒေါ်လာ ၂ သန်းဖိုးခန့် တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းတဲ့ ဓာတ်မြေသြဇာ တန်ချိန်တွေကတော့ မူဆယ်မှ ၉၂၄၅ တန်ကျော်၊ ရိဒ်မှ တန်ချိန် ၄၃ဝ၊ တာချီလိတ်မှ ၁၆ တန်၊ ကော့သောင်းမှာ ၉၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာကတော့ ယူရီးယား၊ Compound Seed (NPK 10:10:5)၊ Single Super Phosphate (SSP) တို့ဖြစ်ပြီး ကော့သောင်း မှ ကွန်ပေါင်းနဲ့ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတို့ဖြစ်ကြပါတယ်။ ယခင်အပတ်က ၁၄၁၉ဝ တန်တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၄ဝဝ ခန့် လျော့နည်းတင် သွင်းခဲ့ပါတယ်။ ကော့သောင်းမှ တန် ၂၈ဝဝ ကျော်နဲ့ မူဆယ်မှ ၁၈ဝဝ ကျော်၊ တာချီလိတ်မှ တန် ၁၄ တန်ကျော် တင်သွင်းမှုလျော့ခဲ့ပြီး ရိဒ်မှ တန်ချိန် ၂၇၅ တန်တင်သွင်းမှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁ဝဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၇ဝဝ တီစူပါ(မျှား-တရုတ်) ၂ဝ၈ဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၁ဝဝဝ ပိုတက်(ကနေဒါ) ၂၂ဝဝဝ ပိုတက်(အိန္ဒိယ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၂ဝဝ တီဆူပါ GTSP 46% ၁၉၇ဝဝ တီဆူပါ GSSP 16% ၈၄ဝဝ တီဆူပါ GSSP 12% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၅၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅ဝဝ တီဆူပါ-(တရုတ်) 12% ၉၅ဝဝ တီဆူပါ-(တရုတ်) 16% ၉၈ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၂၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေပြား ၄၆% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် ၄၆% တရုတ်) ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၁ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၆၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၂ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၁ဝဝဝMIRT (MAPT)
Background