ပွင့်လင်းရာသီ ရေကြောင်းက ဘိလပ်မြေအဝင်ပို ပင်လယ်ရေကြောင်းကနေ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက် တာကာလအတွင်း ဘိလပ်မြေ ၁၂၆၁ဝ ဒသမ ၉၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၇၂ဝဝဝ ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ ထိုင်းနိုင်ငံမှ ဆင် တံဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေ ၉၇၁၉ ဒသမ ၂၅ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၂၆၇၇၃ ဒသမ ၁၇၅ ဖိုးနဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၂၅၉၁၆၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၅၆၂၄ ဒသမ ၉၆၂ ဖိုးကိုတင် သွင်းခဲ့ပါတယ်။ ဘိလပ်မြေအသွင်းမှာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် အပတ်စဉ်တန်ချိန် တစ် သောင်းကျော်ကျော်ဝန်းကျင် တင်သွင်းနေသလို ထိုင်းနိုင်ငံဘက်မှအပြင် ပါကစ္စတန် ဘက်ကပါ အဝင်အင်အားကောင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်ကလည်း အဝင်ပိုမို နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ယခုအပတ်မှာ ဘိလပ်မြေ ၁၂၅၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄၅ တန်သာ တင်သွင်းခဲ့တာမို့ တန်ချိန် ၈၁ဝဝ ကျော် ယခု အပတ်မှာတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ပွင့်လင်းရာသီဖြစ်တာမို့ ဆောက်လုပ်ရေး လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ် ပြန်လည်လုပ်ဆောင်လာကြတာကြောင့် ဘိလပ်မြေ ပိုမိုတင်သွင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုများကတော့ မူဆယ်မှ ၂၇၅ တန်၊ ကန်ပိုက်တီးမှ ၉၄၃၂ တန်၊ လွယ်ဂျယ်မှ ၆ဝ၈ တန်၊ တာချီလိတ်မှ ၁၁၉၅ တန်နဲ့မြိတ်မှ ၉၈၉ တန်ကျော်နဲ့ ကော့သောင်းမှ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှတင်သွင်းတဲ့ ဘိလပ်မြေက ဆင်၊ ကမ္ဘာလုံးနဲ့စွန်၊ လွယ်ဂျယ်မှ XiLin Po၊ တာချီလိတ်နဲ့ ကော့သောင်းမှ ငှက်တံဆိပ်တို့ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ(Blue Lion) ၄၇ဝဝ ဘိလပ်မြေ (စိန်) ၄၈၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝMIRT (MAPT)
Background