Main menu

Background

နို့ဆီနို့စိမ်းအဝင်ပျောက်

Mon, 11/29/2010 - 07:40 -- Anonymous (not verified)

နို့ဆီနို့စိမ်းအဝင်ပျောက်             နိုဝင်ဘာ ဒုတိယရက်သတ္တပတ် အတွင်း ပြည်တွင်းကို ရေကြောင်းလမ်း နဲ့ နို့ဆီရော နို့စိမ်းပါ အဝင်မရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေ ကလည်း နယ်စပ်ကအသွင်းရှိပေမဲ့ ပင်လယ်လမ်းက အနည်းငယ်ပါးခဲ့ပြီး မူလ ဖောက်သည်ဖြစ်တဲ့ စင်ကာပူဘက်က အဝင်ပါးခဲ့သလို ဈေးကွက်ငယ်အဖြစ် သွင်းခဲ့တဲ့ တရုတ်ကလည်း အဝင် ပျောက်ခဲ့တာ တွေ့ရပါတယ်။                                                                                             MIRT (DOT) နို့ဆီ၊ နို့စိမ်း ဈေးမပြောင်း               ကော့သောင်းနယ်စပ်မှာ မိမိဘက် နဲ့ တစ်ဖက်နိုင်ငံနို့ဆီ၊ နို့စိမ်းဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ရာသီဥတုအနေအထား ကောင်းမွန် သော်လည်း တစ်ဖက်နိုင်ငံမှ အမှာစာ ပေးပို့ထားပြီး လက်ကျန်မရှိတဲ့အတွက် ယခုအပတ် နို့ဆီ၊ နို့စိမ်း တင်သွင်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ မိမိဘက် နဲ့ တစ်ဖက်နိုင်ငံနို့ဆီ၊ နို့စိမ်းဈေးများကို အသိပေးလိုက်ပါရစေ                    မိမိဘက်              တစ်ဖက်နိုင်ငံ           (ကျပ်/ကာတွန်း)           (ဘတ်/ကာတွန်း)နို့ဆီ            ၃ဝ၂ဝဝ                    ၅၁ဝနို့စိမ်း           ၃ဝဝဝဝ                    ၅ဝဝ         နိုဝင်ဘာလဝက်ထိ နို့ဆီ ၁၄၉၇၃ ကာတွန်းနဲ့ နို့စိမ်း ၁၄၄၂၇ ကာတွန်း ကော့သောင်းမှ တင်သွင်းထားပြီးဖြစ်ပါတယ်။ နယ်စပ်မှ ဧပြီကနေ အောက်တိုဘာလကုန်ထိ နို့ဆီနို့စိမ်း ၁၁၁၈၈၂ ကာတွန်း တင်သွင်းထားတဲ့အတွက် တစ်လပျှမ်းမျှ ၁၅၉၈ဝ ကာတွန်းနှုန်းနဲ့ တင်သွင်းမှုရှိနေတာဖြစ်ပါတယ်။ နိုဝင်ဘာလဝက်ထိ ၂၉၄ဝဝ ကာတွန်း တင် သွင်းပြီးဖြစ်တဲ့အတွက် ယခုအပတ်တင်သွင်းမှုမရှိသော်လည်း တစ်လ ပျမ်းမျှ တင်သွင်းမှုကို ကျော်လွန်တင်သွင်း ထားပြီးတာကို တွေ့ရပါတယ်။                                                                                                                 MIRT(DOBT) ပြည်တွင်းနို့ဆီလက်ကားဈေး                       ကျပ်/ တစ်ဘူး                                    ရန်ကုန်       မန္တလေးဒွန်း( နို့ဆီ )                        ၆၃၅           ၆၅၅ဒွန်း( နို့စိမ်း)                       ၆၂ဝ           ၆၃၅မာရီဂိုး(နို့ဆီ)                      ၅၈ဝ           ၅၉၅လပ်ကီးကောင်း( နို့စိမ်း)         ၅၃ဝ            ၅၄၅      နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး       ကျပ်/တစ်ဘူး                         ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )           ၆၇ဝ         ၆၈၅ဒွန်း( နို့စိမ်း)           ၆၅ဝ         ၆၆၅ၤFalcon  နို့ဆီ         ၆ဝဝ          ၆၁၅Happy Cow          ၅၈ဝ         ၅၉၅ဝမ်းတီးနို့ဆီ           ၆၅ဝ         ၆၆၅ယူကေနို့ဆီ           ၆ဝဝ          ၆၁၅MIRT(DOBT)